From Wikipedia, the free encyclopedia
တွန်ဟွန် ချွန်လတီး (ထိုင်း: ต้นหนชลธี; RTGS: Tonhon Chonlathi) သည် Suphakorn Sriphothong (Pod) နှင့် Thanawat Rattanakitpaisarn (Khaotung) တို့ ပါဝင်သရုပ်ဆောင်ထားသော ၂၀၂၀ ထိုင်းရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်သည်။[1]
တွန်ဟွန် ချွန်လတီး | |
---|---|
အမျိုးအစား | |
ဒါရိုက်တာ | Ekkasit Trakulkasemsuk |
သရုပ်ဆောင် |
|
နိုင်ငံ | Thailand |
ဘာသာစကား | Thai |
အတွဲပေါင်း | 1 |
အပိုင်းပေါင်း | 10 |
ထုတ်လုပ်သူ |
|
ပြသချိန် | 50 - 70 minutes |
ထုတ်လုပ်သည့် ကုမ္ပဏီ |
|
မူရင်းရုပ်သံလိုင်း |
|
မူလပြသမှု | ၁၃ နိုဝင်ဘာ ၂၀၂၀ – ၂၂ ဇန်နဝါရီ ၂၀၂၁ |
GMM 25 Show Details |
ဒါရိုက်တာ Ekkasit Trakulkasemsuk ရိုက်ကူးပြီး GMMTV နှင့် Keng Kwang Kang တို့ ပူးပေါင်းထုတ်လုပ်သော ဤဇာတ်လမ်းတွဲသည် ၂၀၂၀ ဇူလိုင်လ ၈ရက်နေ့တွင် AIS Play နှင့်အတူ GMMTV မှ ပူးပေါင်းထုတ်လွှင့်သည့် ရုပ်သံဇာတ်လမ်းတွဲ နှစ်ခုအနက် တစ်ခုဖြစ်သည်။ GMM 25 နှင့် AIS Play ရုပ်သံလိုင်းတို့တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ အပတ်စဉ် သောကြာနေ့ ၂၁:၃၀ အချိန်တွင် ထုတ်လွှင့်သည်။[2]
ဤဇာတ်လမ်းတွဲသည် အံ့ဩဖွယ်ကောင်းလောက်အောင် အလွန်ပင် လူကြိုက်များခဲ့သည့် ထိုင်း BL ဇာတ်လမ်းတွဲ 2gether: The Series မှ နာမည်ရ ဇာတ်ကောင်များဖြစ်သည့် Fong၊ Type၊ Man၊ Dim နှင့် Boss တို့အဖြစ် ပါဝင်ခဲ့ကြသည့် Thanawat Rattanakitpaisarn (Khaotung), Jirakit Kuariyakul (Toptap), Chinnarat Siripongchawalit (Mike), Sivakorn Lertchuchot (Guy) နှင့် Chanagun Arpornsutinan (Gunsmile) တို့၏ ပြန်လည်တွေ့ဆုံခြင်း ဖြစ်သည်။ အဆိုပါ 2gether: The Series ဇာတ်လမ်းတွဲကို ယခု ဇာတ်လမ်းတွဲ၏ အပိုင်း ၉ တွင်လည်း အနည်းငယ်ထည့်သွင်းရိုက်ကူးထားသည်။
ဤ ဇာတ်လမ်းတွဲတွင် ပါဝင်သည့် သရုပ်ဆောင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[3][4]
သီချင်းခေါင်းစဉ် | ရောမအက္ခရာဖြင့် | အင်္ဂလိပ်အမည် | အနုပညာရှင် | Ref. |
---|---|---|---|---|
ไม่มีวันไหนไม่รัก | Mai Mi Wan Nai Mai Rak | Never Love | Saranyu Winaipanit (Ice) | [5] |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.