တောင်ယဉ်စွန်းတန်း
From Wikipedia, the free encyclopedia
တောင်ယဉ်စွန်းတန်းသည် မွန်းတည့်ချိန် ဦးခေါင်းအထက် တည့်တည့်တွင် နေတည်ရှိသည့် တောင်ဖက်ဆုံး လတ္တီတွဒ်မျဉ်း ဖြစ်သည်။ ဤအဖြစ်အပျက်သည် တောင်ကမ္ဘာလုံးခြမ်း နေဘက်သို့ အဆုံးစွန် တိမ်းစောင်းသည့် ဆောင်းယဉ်စွန်းချိန်တွင် ဖြစ်ပွားသည်။ အလားတူ မြောက်ကမ္ဘာလုံးခြမ်းဖက်တွင် မြောက်ယဉ်စွန်းတန်း တည်ရှိသည်။
၂၀၁၄ ခုနှစ်အတွက် တောင်ယဉ်စွန်းတန်းသည် အီကွေတာ၏ တောင်ဖက် ၂၃° ၂၆′ ၁၄.၄၄၀″ တွင်တည်ရှိသည်။ တောင်ယဉ်စွန်းတန်းသည် မြောက်ဖက်သို့ တစ်နှစ်လျှင် ၁၅ မီတာခန့် တဖြည်းဖြည့် ရွေ့လျားနေသည်။