![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/c0/Lake_Towada_from_Ohanabe_2008.jpg/640px-Lake_Towada_from_Ohanabe_2008.jpg&w=640&q=50)
တိုဝဒကန်
From Wikipedia, the free encyclopedia
တိုဝဒကန် (十和田湖, Towada-ko) သည် ဂျပန်နိုင်ငံရှိ ကန်တစ်ခု ဖြစ်ပြီး ဟွန်းရှူးကျွန်းတွင် အကြီးဆုံးကန်လည်း ဖြစ်သည်။ အအိုမိုရိနှင့် အခိတစီရင်စုများ၏ နယ်နိမိတ်အကြားတွင် တည်ရှိသည်။ ကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၀၀ မီတာ (၁၀၇၃ ပေ) ရှိပြီး ကန်၏ အနက်မှာ ၃၂၇ မီတာ (၁၀၇၃ ပေ) ရှိသည်။ ကန်၏ မျက်နှာပြင်ဧရိယာသည် ၆၁.၁ စတုရန်းကီလိုမီတာ ရှိသည်။ တိုဝဒကန်သည် ဂျပန်နိုင်ငံ၏ ၁၂ ခုမြောက် အကြီးဆုံးကန် ဖြစ်သည်။ ကန်သည် နက်သဖြင့် ရေပြင်အရောင်မှာ အပြာရောင် တောက်နေသည်။ ကန်၏ ပုံသဏ္ဌာန်သည် အကြမ်းအားဖြင့် လုံးဝန်းသည့်ပုံစံ ဖြစ်သည်။ ဤကန်သည် ခရီးသွားသူများအကြား ထင်ရှားသည့်နေရာတစ်ခု ဖြစ်သည်။
အချက်တိုများ တိုဝဒကန် 十和田湖, တည်နေရာ ...
တိုဝဒကန် 十和田湖 | |
---|---|
![]() | |
တည်နေရာ | Honshū, Japan |
ကိုဩဒိနိတ် | 40°28′N 140°52′E |
အမျိုးအစား | Crater lake |
ပင်မ ရေထွက်စီးကြောင်း | Oirase River |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Japan |
မျက်နှာပြင် ဧရိယာ | ၆၁.၁ km2 (၂၃.၆ sq mi) |
ပျမ်းမျှအနက် | ၇၁ m (၂၃၃ ft) |
အနက်ဆုံး အနက်အရှိုင်း | ၃၂၇ m (၁,၀၇၃ ft) |
ရေထုထည် | ၄.၁၉ km3 (၃,၄၀၀,၀၀၀ acre·ft) |
ကမ်းခြေအလျား၁ | ၄၆ km (၂၉ mi) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၄၀၀ မီတာ (၁,၃၁၂ ပေ) |
၁ ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။ |
ပိတ်ရန်
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/f/f9/Towada_Caldera_3D_2012.jpg/640px-Towada_Caldera_3D_2012.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/c/ce/TowadakoShoreline.jpg/640px-TowadakoShoreline.jpg)