တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
မြန်မာနိုင်ငံရေးပါတီ / From Wikipedia, the free encyclopedia
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (အင်္ဂလိပ်: National Unity Party; အတိုကောက် တစည) ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၄ရက်နေ့တွင် အမည်ပြောင်းခဲ့ခြင်းဖြစ်ပြီး[3][4] လမ်းစဉ်ပါတီ၏ အမွေကိုဆက်ခံယူထားသော ပါတီဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရားမှာ ဆိုရှယ်လစ်ဝါဒ (ခေါ်) လူအများကောင်းစားရေး ဝါဒဖြစ်သည်။ ပါတီ၏ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။[7] တစညပါတီအနေနဲ့ တနိုင်ငံလုံးမှာ ပါတီရုံးရှိတဲ့ မြို့နယ်ပေါင်း ၂၉၀ ရှိသည်။ ၂၀၁ဝမှာပါတီဝင်အင်အား ၇ သိန်းကျော် ရှိသည်။[8] ပထမဦးဆုံးသော ပါတီဥက္ကဋ္ဌမှာ သာကျော်၊ ဦး နိုင်ငံတော်ကောင်စီဝင်(ငြိမ်း) ဖြစ်သည်။ လက်ရှိတွင် ပါတီဥက္ကဋ္ဌမှာ ဦးဟန်ရွှေဖြစ်သည်။[1]
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | |
---|---|
![]() | |
အင်္ဂလိပ် အမည် | National Unity Party |
နာယက | ဦးဟန်ရွှေ[1][2] |
အထွေထွေ အတွင်းရေးမှူး | ဦးထွန်းရီ[1] |
ဒုတိယဥက္ကဋ္ဌ | ဦးသိန်းထွန်း[1] |
တွဲဖက်အတွင်းရေးမှူးများ | ဦးနေဝင်း နှင့် ဦးညွန့်တင်[1] |
တည်ထောင်ခြင်း | ၂၄ စက်တင်ဘာ ၁၉၈၈ (၂၄ စက်တင်ဘာ ၁၉၈၈)[3][4] |
ယခင် | မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ |
ဌာနချုပ် | အမှတ်၂၄၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ |
သတင်းစာ | တိုင်းရင်းသား သတင်းဂျာနယ် |
အဖွဲ့ဝင် | ၅၀၀,၀၀၀[5] |
နိုင်ငံရေး သဘောတရား | ဆိုရှယ်လစ်ဝါဒ |
ရပ်တည်ချက် | အလယ်-လက်ဝဲ |
အရောင် | မိုးပြာရောင်[6] |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၁ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၀ / ၈၈၀
|
ပါတီအလံ | |
![]() | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
![](http://upload.wikimedia.org/wikipedia/commons/thumb/2/2a/Flag_of_National_Unity_Party.svg/640px-Flag_of_National_Unity_Party.svg.png)
၁၉၉၀ ပြည်လုံးကျွတ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် စုစုပေါင်းမဲပေးသူ အရေအတွက် ၁၃,၂၅၃,၆၀၆ မဲ တွင် မဲအရေတွက် ၂,၈၀၅,၅၅၉ မဲနှင့် မဲပေးသူ၏ (၂၁.၂%) မဲဆန္ဒနယ် (၄၉၂) ခုရှိရာတွင် မဲဆန္ဒနယ်(၁၀)နေရာ၌ အနိုင်ရရှိခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲ ကာလက မြန်မာ့နိုင်ငံရေးပါတီများထဲတွင် ဒုတိယ အင်အားအကြီးမားဆုံး နိုင်ငံရေးပါတီဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ မဟာမိတ်ပါတီများမှာ -
- တောင်သူလယ်သမားစည်းလုံးညီညွတ်ရေးပါတီ
- အလုပ်သမားစည်းလုံးညီညွတ်ရေးပါတီ
- လူငယ်စည်းလုံးညီညွတ်ရေးပါတီတို့ဖြစ်ကြသည်။
၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ မဲဆန္ဒနယ်တိုင်းလိုလိုမှာ ဝင်ရောက်အရွေးခံခဲ့သည်။ ဒါပေမဲ့ ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်တနေရာမှာပဲ အနိုင်ရခဲ့သည်။[9]
၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီက ကိုယ်စားလှယ်လောင်း ၄၀၀ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ပါတီ တာဝန်ရှိသူတွေက ပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ် ၁၇၇ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ယှဉ်ပြိုင်မည်မဟုတ်ဟု ပါတီဒုတိယဥက္ကဋ္ဌ ပြောကြားသည်။[10][11]