တိုက်
အလွန်ကြီးမားသောမြေထုဧရိယာ / From Wikipedia, the free encyclopedia
ကမ္ဘာ့မြေမျက်နှာသွင်ပြင် အနေအထားအရသာမက လူသားမျိုးနွယ်တို့၏ စရိုက်ကိုပါလိုက်၍ အပိုင်းပိုင်းခွဲကာ သတ်မှတ်ထားသည့် အကြီးဆုံး နယ်နိမိတ်သတ်မှတ်ချက်ကို တိုက် ဟုခေါ်သည်။ ပထဝီဝင်ဘာသာရပ်အရ အဓိကသတ်မှတ်ချက်မှာ ကြီးမားကျယ်ပြန့်သည့် ကုန်းမြေရှိရမည်ဖြစ်ပြီး တစ်ခုနှင့် တစ်ခုမှာ ရေပြင်(သမုဒ္ဒရာ)များဖြင့် ပိုင်းခြားထားရမည်ဖြစ်သည်။ ထိုသို့အားဖြင့် ကမ္ဘာကြီးအား တိုက်ကြီး ခုနှစ်တိုက် အဖြစ် ခွဲခြားရှုမြင်လေ့လာနိုင်သည်။ ၎င်းတို့မှာ (အရွယ်အစားကြီးရာမှ ငယ်ရာသို့) -
- အာရှတိုက်၊
- အာဖရိကတိုက်၊
- မြောက်အမေရိကတိုက်၊
- တောင်အမေရိကတိုက်၊
- အန္တာတိကတိုက်၊
- ဥရောပတိုက် နှင့်
- ဩစတြေးလျတိုက်
တို့ ဖြစ်ကြသည်။[1]
"လူအများစုအနေဖြင့် အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက၊ အန္တာတိက၊ ဥရောပနှင့် ဩစတြေးလျ ဟူ၍ တိုက်ကြီး (၇) တိုက်အဖြစ် မှတ်ယူကြသော်လည်း တစ်ခါတစ်ရံတွင် ဥရောပတိုက်နှင့် အာရှတိုက်ကို ပေါင်း၍ ယူရေးရှား (အင်္ဂလိပ်: Eurasia) ဟု အမည်ရသည့် တိုက်ကြီးတစ်ခုတည်းအနေဖြင့် ခေါ်ဆိုသုံးနှုန်းလေ့ရှိကြသည်။"