တာလီ-ရွှေလီ ရထားလမ်း
From Wikipedia, the free encyclopedia
တာလီ-ရွှေလီ ရထားလမ်းသည် တာ့လီမှ အနောက်ပိုင်းရှိ လန်ချမ်းမြစ်၊ နုကျန်းမြစ်စသည့် မြစ်ကြီးများ၊ ဟိန်တွမ် တောင်တန်းဒေသ အနောက်ပိုင်းရှိ ကောက်လီကုန်တောင်ကို ဖြတ်ကျော်ကာ ရွှေလီမြို့သို့ ဖောက်လုပ်ထားသော ရထားလမ်း တစ်ခုဖြစ်သည်။ ယင်းရထားလမ်းကြောင်း၏ စုစုပေါင်းအရှည်မှာ ၃၃၀ ကီလိုမီတာရှိကာ ခရီးသည်တင်ရထားများ၏ ပြေးဆွဲသော အမြန်နှုန်းမှာ တစ်နာရီလျှင် ၁၄၀ ကီလိုမီတာဖြစ်သည်။
တာ့လီ-ရွှေလီရထားလမ်းပြီးစီးပြီးနောက် စတင်ပြေးဆွဲ ချိန်တွင် တာ့လီမှ ရွှေလီသို့ သွားသောခရီးသည် ကားဖြင့် သွားသောအချိန် ၆ နာရီမှ ၂ နာရီခန့်ထိ လျော့နည်းနိုင်ခဲ့သည်။ ယင်းသည် တရုတ်-မြန်မာ မီးရထားစင်္ကြံ နှင့် ပန်-အာရှ မီးရထားလမ်း၏ အနောက်ဘက်စင်္ကြံ အစိတ်အပိုင်းလည်း ဖြစ်သည်။
တာလီနှင့် ပေါက်ရှန်ကြား ရထားလမ်းမှာ ဖွင့်လှစ်ထားပြီး ပေါက်ရှန်နှင့် ရွှေလီကြား လမ်းပိုင်းအား ဆက်လက်ဖောက်လုပ်နေသည်။ [1] မြင့်မားသော တောင်တန်းများကြောင့် လိုဏ်ခေါင်းများနှင့် တံတားများသည် ရထားလမ်းပိုင်းစုစုပေါင်းဧရိယာ၏ ၇၅ရာခိုင်နှုန်း ရှိသည်။ ရွှေလီမှ မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ နယ်စပ်ဖြတ်ကျော် ရထားလမ်း ဖောက်လုပ်ရန် အစီအစဉ်လည်း ရှိသည်။ [2] [3]