တပ်မတော် (လေ)
ဝေဟင်အခြေစိုက် မြန်မာ့တပ်မတော်၏တပ်ဖွဲ့ခွဲ / From Wikipedia, the free encyclopedia
တပ်မတော် (လေ)သည် မြန်မာ့တပ်မတော်၏ ဝေဟင် တိုက်ခိုက်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းကို ပြည်တွင်းပုန်ကန်မှု တန်ပြန်တိုက်ခိုက်ရေးအတွက် အဓိက အသုံးပြုခဲ့ပြီး ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်အပြီးတွင် ကယ်ဆယ်ရေး တာဝန်များအတွက်ပါ အသုံးချလာခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှစ၍ မြန်မာ့လေတပ်မှ လေယာဉ်များကို ကျေးရွာများကိုလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင်တွင် အသုံးပြုလာခဲ့သည်။[2]
တပ်မတော် (လေ) | |
---|---|
တည်ထောင် | ၁၅ ဒီဇင်ဘာ ၁၉၄၇[1] |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | လေတပ် |
အခန်းကဏ္ဍ | ဝေဟင်ပိုင်နက်ကာကွယ်ရေး၊ လေကြောင်းရန်ကာကွယ်ရေး၊ ပြည်တွင်းပုန်ကန်မှု တန်ပြန်စစ်ဆင်ရေး |
တပ် အရွယ်အစား | တပ်ဖွဲ့ဝင် ၂၃၀၀၀ လေယာဉ် ၂၈၁ စင်း ရဟတ်ယာဉ် ၁၀၂ စင်း စုစုပေါင်းအစင်းရေ ၃၈၃ စင်းခန့် |
အစိတ်အပိုင်း | တပ်မတော် |
ဌာနချုပ် | ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ စစ်ရုံး၊ နေပြည်တော် |
အမည်ပြောင် | လေတပ်၊ အဲဖို့စ် |
ဆောင်ပုဒ် | တက်နိုင်ဖျားရောက် (ဝေဟင်စိုးမိုးမည်) |
အုပ်ချုပ်သူများ | |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ကာကွယ်ရေးဝန်ကြီး | ဗိုလ်ချုပ်ကြီး မြထွန်းဦး |
ကာကွယ်ရေးဦးစီးချုပ်(လေ) | ဗိုလ်ချုပ်ကြီး ထွန်းအောင် |
အဆောင်အယောင်များ | |
စစ်လေယာဉ်တံဆိပ် | |
လေတပ်အလံ | |
လေယာဉ်အမြီး အမှတ်အသား | |
လေတပ်အလံဟောင်း (၁၉၄၈–၁၉၇၄) | |
Aircraft flown | |
တိုက်ခိုက်ရေး | A-5M, Mi-35 |
ဗုံးကြဲလေယာဉ် | A-5M |
တိုက်လေယာဉ် | Mikoyan MiG-29, JF-17, SU-30 |
ရဟတ်ယာဉ် | Mi-2, Mi-17, Ka-28 |
တိုက်ခိုက်ရေး ရဟတ်ယာဉ် | Mi-35 |
ထောက်လှမ်း | Soko G-4 |
လေ့ကျင့်ရေး | Yak-130,FTC-2000G, K-8W, G 120TP, HJT-16 |
သယ်ယူပို့ဆောင် | Y-8D, Beechcraft 1900, ATR 42 |
ကိုလိုနီခေတ် ၁၉၄၀ ဇွန်လတွင် ဗြိတိသျှတို့က ဗမာ့အပျော်တမ်းလေတပ်ယူနစ် (Burma Volunteer Air Unit) ကို ဖွဲ့စည်းပေးခဲ့ပြီး ၁၉၄၁ မတ်လခန့်တွင် ဗမာ့အပျော်တမ်းလေတပ် (Burma Volunteer Air Force) ဟူ၍အမည်ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံကို ဂျပန်တို့ဝင်ရောက်လာသည့် ၁၉၄၂ ၌ အင်္ဂလိပ်တို့တပ်ဆုတ်သွားသောအခါ အဆိုပါလေတပ်သည်လည်း ပါသွားခဲ့ရုံသာမက အခြားလေတပ်ယူနစ်အဖြစ်လည်း ပြောင်းလဲဖွဲ့စည်းခြင်းကိုခံခဲ့ရသည်။[3][4] ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံသို့ အင်္ဂလိပ်တို့ပြန်ရောက်ပြီးနောက် မြန်မာနိုင်ငံအတွက် လေတပ်ပြန်လည်ဖွဲ့စည်းပေးရေးများကို ဆောင်ရွက်ရာမှ ၁၉၄၇ ဒီဇင်ဘာတွင် "ဗမာ့လေတပ်မတော်" (Burma Air Force) အဖြစ်ဖွဲ့စည်းခဲ့သည်။ ၁၉၅၅ တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပေါင်းစည်းရေးမူအရ တပ်မတော် (လေ) ဟုအမည်ပြောင်းလဲခဲ့သည်။[5]