တပ်မတော် (ရေ)
ရေပြင်သို့မဟုတ်ပင်လယ်ပြင်အခြေစိုက် မြန်မာ့တပ်မတော်၏တပ်ဖွဲ့ခွဲ / From Wikipedia, the free encyclopedia
ယနေ့ခေတ် တပ်မတော် (ရေ) သည် မြန်မာ့ တပ်မတော် တွင် ပါဝင်ပြီး ရေတပ်ဆိုင်ရာ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အမျိုးသမီး၊ အမျိုးသား စစ်မှုထမ်းအင်အား ၂၇၀၀၀ ခန့်ဖြင့်အမှုထမ်းလျက်ရှိသည်။ ယနေ့အချိန်တွင် တပ်မတော် (ရေ) သည် စစ်ရေယာဉ်ပေါင်း ၂၂၇ စီးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသည်။[4] ၁၉၈၈ ခုနှစ်မတိုင်မှီခန့် ပြည်တွင်းသောင်းကျန်းမှုများ နိုမ်နှင်းရာတွင် မြန်မာ့တပ်မတော် ရေ ၏ထင်ရှားသော အခန်းကဏ္ဍမှာ အခြား တပ်နှင့် လေတပ် များထက်စာလျှင် အလွန်နည်းပါးလှသည်။ တပ်မတော်ရေသည် နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ယခင်အချိန်ရော ယခုကာလအထိတည်ရှိနေသည့်အတွက်ကြောင့် မကြာသေးမီကာလကပင် မြန်မာ့ရေပိုင်နက်ခြိမ်ခြောက်မှုများကို ကာကွယ်ရန်အတွက် ထပ်မံတိုးချဲ့တည်ဆောက်ထားခဲ့သည်။ တပ်မတော် (ရေ)၏ ဆောင်ပုဒ်မှာ “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဖြစ်သည်။[5]
အချက်တိုများ တပ်မတော် (ရေ), လှုပ်ရှားချိန် ...
တပ်မတော် (ရေ) | |
---|---|
လှုပ်ရှားချိန် | ၁၉၄၇ – လက်ရှိ |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | ရေတပ် |
တပ် အမျိုးအစား | ရေပြင်အခြေပြု စစ်အရေးပြုသော တပ်ဖွဲ့ |
အခန်းကဏ္ဍ | နိုင်ငံ၏ ရေပိုင်နက် ကာကွယ်ရေး၊ ရေပြင်စစ်ဆင်မှုဆိုင်ရာ |
တပ် အရွယ်အစား | တပ်ဖွဲ့ဝင်ပေါင်း (၂၇၀၀၀) ဝန်းကျင်[1] |
အစိတ်အပိုင်း | တပ်မတော် |
ဌာနချုပ် | ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ စစ်ရုံး၊ နေပြည်တော်။ |
အမည်ပြောင် | ရေတပ်၊ နေဗီ၊ ရွိုင်ရယ် နေဗီ |
ဆောင်ပုဒ် | “မြန်မာ့ပင်လယ် ဒို့ကာကွယ်” |
အရောင်များ | ရေနက်ပြာရောင်၊ အဖြူရောင်၊ အနက်ရောင်(Navy Seals အထူးတပ်ဖွဲ့) |
နှစ်ပတ်လည်များ | ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် |
အုပ်ချုပ်သူများ | |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ကာကွယ်ရေးဝန်ကြီး | ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း |
ကာကွယ်ရေးဦးစီးချုပ်(ရေ) | ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် [2] |
စစ်ဦးစီးအရာရှိချုပ်(ရေ) | --- [3] |
စက်မှုလက်မှုအရာရှိချုပ် | ဒုတိယဗိုလ်ချုပ်ကြီး အောင်သူစိုး |
အဆောင်အယောင်များ | |
ရေတပ်အလံ | |
တပ်တော်ဝင်အလံ | |
ယခင်ရေတပ်အလံ (၁၉၄၈–၁၉၇၄) | |
ယခင်ရေတပ်အလံ (၁၉၇၄–၁၉၉၄) |
ပိတ်ရန်