From Wikipedia, the free encyclopedia
တန်ဂျီးယားမြို့သည် မိုရော့ကိုနိုင်ငံ၏ အတ္တလန္တိတ် သမုဒ္ဒရာကမ်းဘက်တွင် တည်ရှိသည်။ တန်ဂျီးယားမြို့သည် ဂျီဗရောတားကို မျက်နှာမူ၍ မြေထဲပင်လယ်၏ အနောက်ဘက် ဝင်ပေါက်ဖြစ်သောကြောင့် စစ်မှုရေးရာအတွက် အရေးပါသည်။ ထိုကြောင့် ယင်းမြို့နှင့်တကွ ရစ်တောင်တန်းနှင့် ပင်လယ် အကြားရှိနယ်မြေကို တန်ဂျီးယားဇုန်ဟုခေါ်၍ အပြည်ပြည်ပိုင် နယ်အဖြစ် သတ်မှတ်ထား၏။ မိုရော့ကိုပြည် ကုန်သွယ်ရေး အတွက် အချက်အချာဖြစ်သော ဆိပ်ကမ်းမြို့ဖြစ်သည်။
Tangier طنجة / Tingi / ⵜⵉⵏⴳⵉ Ṭanja / Tingis / Tangiers | ||
---|---|---|
Tanger | ||
Tangier | ||
| ||
နာမည်ပြောင်(များ): The Blue and White city, Boughaz, The north's bride. | ||
Location in Morocco | ||
ကိုဩဒိနိတ်: 35°46′N 5°48′W | ||
နိုင်ငံ | မော်ရိုကိုနိုင်ငံ | |
တိုင်းဒေသကြီး | Tanger-Tetouan-Al Hoceima | |
အမြင့်ဆုံး နေရာ | ၂၃၀ မီတာ (၇၅၀ ပေ) | |
အနိမ့်ဆုံး နေရာ | ၀ မီတာ (၀ ပေ) | |
လူဦးရေ (၂၀၁၄) | ||
• စုစုပေါင်း | ၉၄၇,၉၅၂ | |
• အဆင့် | တတိယမြောက် | |
Demonym(s) | Tangerian, Tangeriana | |
အချိန်ဇုန် | GMT 0 | |
Postal code | 90000 |
၁၄ ရာစုနှစ်မှ ၁၆ ရာစုနှစ်များအတွင်း တန်ဂျီးယားမြို့ကို ပေါ်တူဂီ၊ စပိန်၊ အဂင်္လန်နိုင်ငံတို့က သိမ်းပိုက်ခဲ့ကြသည်။ ၁၄ ရာစုနှစ်တွင် ပေါ်တူဂီလက်သို့ ကျရောက်ပြီးနာက်၊ စပိန်လက် အောက်သို့၎င်း၊ ၁၆၆၂ ခုနှစ်တွင် အဂင်္လိပ်လက်အောက်သို့၎င်း ရောက်သွားပြန်သည်။ ၁၆၈၃ ခုနှစ်တွင် အဂင်္လိပ်တို့က ထိုမြို့ ကို လက်လွှတ်လိုက်ရပြန်သည်။ ထိုနောက်တွင်ကား ထိုမြို့နယ် ၌ ဥရောပနိုင်ငံအသီးသီးတို့က မူးဝါးတို့၏ အုပ်ချုပ်ရေးအဖွဲ့ တွင် အမျိုးမျိုးဝင်ရောက်ခြယ်လှယ်နေကြ၏။
၁၉၂၅ ခုနှစ်တွင် မှ တန်ဂျီးယားစတက်ကျူ (၁၉၂၃) ဥပဒေအရ ဂရိတ်ဗြိတိန်၊ ပြင်သစ်နှင့် စပိန်တို့သည် ထိုမြို့နယ်ကို အပြည်ပြည်ပိုင်နယ် ပြုလုပ်ကာ တွဲဘက်အုပ်ချုပ်ကြလေသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်း ၁၉၄၀ ပြည့်နှစ်တွင် စပိန်စစ်တပ ်များသည် တန်ဂျီး ယားဇုန်အတွင်းသို့ ဝင်ရောက်သိမ်းပိုက်ပြီးလျှင အပြည်ပြည် ပိုင်အုပ်ချုပ်ရေးကို ပယ်ဖျက်ပစ်လိုက်၏။ သို့သော် ၁၉၄၅ ခုနှစ်တွင် ထိုမြို့နယ်ကို အပြည်ပြည်ပိုင်နယ်အဖြစ် ပြန်၍ ပြုလုပ်လိုက်သည်။
၁၉၅၃ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် စတက်ကျူဥပဒေအသစ်ကို အတည်ပြု၍ ပြင်သစ်၊ စပိန်၊ ဗြိတိန်၊ အီတလီ၊ အမေရိကန်၊ ဗဲလဂျီယံ၊ နယ်သာလန်၊ ဆွီဒင်၊ ပေါ်တူဂီနိုင်ငံ ကိုယ်စားလှယ်တို့ပါဝင်သော အုပ်ချုပ် ရေးအဖွဲ့ဖြင့် တန်ဂျီးယားမြို့ကို အုပ်ချုပ်သည်။ တန်ဂျီးယား မြို့သည် အာဖရိကတိုက်မြောက်ပိုင်းတွင် ရှေးအကျဆုံးမြို့ တစ်မြို့ဖြစ်၏။ မူးဝါးတို့၏ ရှေးဟောင်းမြို့တစ်မြို့ ဖြစ်သော် လည်း၊ စည်ကားတိုးတက်သော ဆိပ်ကမ်းမြို့ဖြစ်ပေသည်။ တောင်ခါးပန်းပေါ်တွင် တည်ထားသော မြို့ဖြစ်၍၊ လမ်းများမှာ တောင်ပေါ်သို့ ရစ်ပတ်၍ တက်သွာရသဖြင့် ကျဉ်းမြောင်းသည်။ သို့သော် သန့်ရှင်းသပ်ရပ်၏။ ဥရောပတိုက်သားများ နေထိုင် သောအပိုင်းမှာ စံနစ်ကျ၍ ခေတ်မှီလေသည်။
တန်ဂျီးယားဇုန်မှာ စတုရန်းမိုင် ၂၂၅ မိုင်ကျယ်ဝန်း၍၊ လူဦး ရေ တစ်သိန်းခွဲခန့်ရှိ၏။ အာရပ်လူမျိုး အများဆုံးနေထိုင်သည်။ ဥရောပတိုက်သားဦးရေ ၁၆၅၀၀ ယောက်ခန့်ရှိသည်။ ထိုမြို့ နယ်မှာ စက်မှုလုပ်ငန်း နည်းပါးသော်လည်း ကုန်အတင်အချ အတွက် အရေးပါသည်။ မြို့နယ်အတွက် အစားအသောက်ကို အများအားဖြင့် အခြားသောနိုင်ငံများမှ တင်သွင်း၇လေ သည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ ၅
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.