From Wikipedia, the free encyclopedia
တခချိဟိုလျှိုမြောင် (高千穂峡) သည် မိယဇခိစီရင်စု၊ နိရှိအုဆုကိခရိုင်၊ တခချိဟိုမြို့၊ မိတအိတွင် တည်ရှိသည့် ဂိုကဆဲမြစ်တွင် ဖြစ်ပေါ်တည်ရှိနေသည့် လျှိုတစ်ခု ဖြစ်သည်။ ၎င်းကို သဘာဝအတိုင်း လှပစွာဖြစ်တည်နေသည့် ရှုခင်းတစ်ခုဖြစ်သည်။ မနအိရေတံခွန်၊ တမတရဲရေတံခွန်၊ အရရဂိရေတံခွန် စသည်တို့သည် အထူးထင်ရှားသည်။
မနအိရေတံခွန်သည် တခချိဟိုလျှိုမြောင်၏ အကျဉ်းပိုင်းသို့ စီးကျလျက်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။ ၎င်းသည် ဂျပန်နိုင်ငံ၏ အကောင်းဆုံး ရေတံခွန် ၁၀၀ စာရင်းတွင် ပါဝင်သည်။ အိုနိုကိုရိုရေကန်၏ ရေများသည့် အောက်သို့စီးဆင်းလာကာ သဘာဝပန်းခြံတစ်ခု၏ ချောက်တစ်ခုထိပ်ဖျားမှ ရေများသည် ကျဆင်းလျက် မနအိရေတံခွန်ကို ဖြစ်ပေါ်လာသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.