![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/89/Nyos_Lake.jpg/640px-Nyos_Lake.jpg&w=640&q=50)
ညော့ကန်
From Wikipedia, the free encyclopedia
ညော့ကန် သည် ကင်မရွန်းနိုင်ငံ၊ အနောက်မြောက်ပိုင်းဒေသတွင် တည်ရှိသည့် မီးတောင်ပေါက်ကွဲရာမှ ဖြစ်ပေါ်လာသည့် ကန်တစ်ခု ဖြစ်သည်။ ဤကန်သည် မြို့တော် Yaoundé ၏ အနောက်မြောက်ဘက် ၃၁၅ ကီလိုမီတာခန့် (၁၉၆ မိုင်) အကွာတွင် တည်ရှိသည်။ လှုပ်ရှားမှုမရှိတော့သည့် မီးတောင်ဖြစ်သည့် အိုကုမီးတောင်တွင် တည်ရှိသည်။ မြင့်မားသည့်နေရာတွင် တည်ရှိကာ ကန်သည် နက်သည်။ [1]
ညော့ကန် | |
---|---|
![]() | |
တည်နေရာ | Northwest Province, Cameroon |
ကိုဩဒိနိတ် | 06°26′17″N 010°17′56″E |
အမျိုးအစား | Meromictic, limnically active lake, volcanic crater lake |
ပင်မ ရေဝင်စီးကြောင်း | subaquatic source |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Cameroon |
အကျယ်ဆုံး အလျား | ၂.၀ km (၁.၂ mi) |
အကျယ်ဆုံး အနံ | ၁.၂ km (၀.၇၅ mi) |
မျက်နှာပြင် ဧရိယာ | ၁.၅၈ km2 (၃၉၀ ဧက) |
ပျမ်းမျှအနက် | ၉၄.၉ m (၃၁၁ ft) |
အနက်ဆုံး အနက်အရှိုင်း | ၂၀၈ m (၆၈၂ ft) |
ရေထုထည် | ၀.၁၅ km3 (၁၂၀,၀၀၀ acre·ft) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁,၀၉၁ m (၃,၅၇၉ ft) |
ညော့ကန်သည် ကာဗွန်ဒိုင်အောက်ဆိုက်ပျော်ဝင်နေသည့် ကန်သုံးခုထဲမှ တစ်ခုလည်း ဖြစ်သည်။
၁၉၈၆ ခုနှစ်တွင် မြေပြိုမှုတစ်ခု ဖြစ်ပွားကာ ညော့ကန်မှ ရုတ်တရက်ကာဗွန်ဓာတ်ငွေ့တိမ်တိုက်များ ထွက်ပေါ်လာခဲ့သည်။ ၎င်းကြောင့် လူပေါင်း ၁၇၄၆ ဦးနှင့် အနီးအနားရှိ ရွာများနှင့် မြို့များမှ အိမ်မွေးတိရစ္ဆာန်များ ၃၅၀၀ တို့သည် အောက်စီဂျင်ပြတ်လပ်မှုများ ဖြစ်ခဲ့သည်။ ထိုကဲ့သို့ဖြစ်ရပ်မျိုးသည် မကြုံဖူးခဲ့ပေ၊ ပထမဆုံးသော ဖြစ်ရပ်သည် သဘာဝဖြစ်စဉ်ကြောင့် ဖြစ်ကာ ကြီးမားသည့် အောက်စီဂျင်ပြတ်လပ်မှုကို ခံစားခဲ့ရသည်။ [2][3][4]