From Wikipedia, the free encyclopedia
ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း (အင်္ဂလိပ်: Nyaungshwe Vocational Training Institute, NVTI) သည် ရှမ်းပြည်နယ် ညောင်ရွှေမြို့ တောင်ခြေမြင်းစခွန့်ရွာအနီးတွင် တည်ရှိသည်။ သိပ္ပံနှင့်_နည်းပညာ_ဝန်ကြီးဌာန လက်အောက်တွင် ရှိပြီးနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနတွင် ဖွင့်လှစ်ထားသော သက်မွေးပညာသင်တန်း ကျောင်းတစ်ကျောင်းဖြစ်သည်။
ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း (NVTI) | |
---|---|
တည်နေရာ | |
တောင်ခြေမြင်းစခွန့်ကျေးရွာ၊ ညောင်ရွှေမြို့၊ ရှမ်းပြည်နယ် မြန်မာ | |
သတင်းအချက်အလက် | |
အမျိုးအစား | သက်မွေးပညာသင်တန်းကျောင်း |
ဖွင့်လှစ် | မတ် ၇၊ ၂၀၁၆ |
ကျောင်းအုပ်ကြီး | စိုင်းကျော်ကျော်ခိုင် |
၂၀၁၆ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လွှဲပြောင်းရယူခဲ့သည်။
စဉ် | အမည် | ရာထူး | ပညာရေး | တာဝန်သက်တမ်း |
---|---|---|---|---|
၁။ | ဦးကောင်းမွန်ဦး | ကထိက | ME (Mechanical) | (၁၃.၇.၂၀၁၆)မှ (၁၈.၂.၂၀၁၇)အထိ |
၂။ | ဦးသာတင်ညွှန့် | ဒုတိယ ညွှန်ကြားရေးမှူး | ME (Mechanical) | (၁၈.၂.၂၀၁၇)မှ (၁၆.၅.၂၀၁၈)အထိ |
၃။ | ဦးစိုင်းကျော်ကျော်ခိုင် | ညွှန်ကြားရေးမှူး | ME (Mechanical) | (၃၀.၁၂.၂၀၂၀)မှ ယနေအထိ |
ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းသည် အဓိကအားဖြင့် အင်ဂျင်နီယာဆိုင်ရာ နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ဘာသာရပ်များကို အဓိကထား သင်ကြားပေးနေသည်။ အဆိုပါဘာသာရပ်များ ကို လုပ်ငန်းခွင်အခြေအနေတိုင်း သင်ကြားပေးနေပြီး လက်တွေ့ ဦးစားပေးသင်ကြားပေးနေသော သင်တန်းကျောင်း ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.