သရေစည်သူ ဦးဉာဏ်ထွန်းသည် မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ တစ်ဦးအဖြစ် ၂၀၁၂ ဩဂုတ်မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သီဟသူရ တင်အောင်မြင့်ဦး နုတ်ထွက်သွားပြီးနောက် လစ်လပ်လျက်ရှိသည့် ဒုသမ္မတနေရာကို ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအား ပြည်ထောင်စုလွှတ်တော်မှ ဒုသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။

အချက်တိုများ သရေစည်သူ (ဦး) ဉာဏ်ထွန်း, မြန်မာနိုင်ငံ၏ ဒုတိယ​မြောက် ဒုတိယသမ္မတ ၂ ...

ဉာဏ်ထွန်း
Thumb
ကမ္ဘာ့စီးပွားရေးဖိုရမ် (၂၀၁၃) တွင် တွေ့ရသော ဦးဉာဏ်ထွန်း
မြန်မာနိုင်ငံ၏ ဒုတိယ​မြောက် ဒုတိယသမ္မတ ၂
တာဝန်သက်တမ်း
၁၅ ဩဂုတ် ၂၀၁၂[1]  ၃၀ မတ် ၂၀၁၆
သမ္မတဦးသိန်းစိန်
ယခင်လူစိုင်းမောက်ခမ်း
ဆက်ခံသူဟင်နရီဗန်ထီးယူ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(12 January 1954-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "{"-{{{day}}})ဇန်နဝါရီ ၁၂၊ ၁၉၅၄[2]
ဇီးကုန်းမြို့နယ်မြန်မာနိုင်ငံ
ကြင်ဖော်(များ)ဒေါ်ခင်အေးမြင့်
သားသမီး
မိခင်ကျောင်းစစ်တက္ကသိုလ်
အလုပ်အကိုင်ရေတပ်အရာရှိ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
တပ်/တပ်ဖွဲ့ခွဲရေတပ်
ရာထူးကာကွယ်ရေးဦးစီးချုပ်
ပိတ်ရန်


ဒုသမ္မတ ဦးဉာဏ်ထွန်း ကိုယ်ရေးအကျဉ်း

မွေးဖွားရာ ဇာတိနှင့် မိဘ

ဖခင် ဒုတိယတောအုပ် (သစ်တော) ဦးစိန်မောင်နှင့် မိခင်မူလတန်းပြဆရာမ ဒေါ်သိန်းတင်တို့က ၁၉၅၄ ခုနှစ်၊ ဇန်နဝါ ရီ (၁၂) ရက်တွင် ပဲခူးတိုင်း၊ သာယာ၀တီ ခရိုင်၊ ဇီးကုန်းမြို့၊ ဂုံးလမ်း(သံပရာကုန်း လမ်း)၌ မွေးဖွားသည်။ ဂုံးလမ်းအစိုးရ မူလတန်းကျောင်းနှင့် ဇီးကုန်းမြို့ အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင် ယူပြီး ၁၉၇၀ ပြည့်နှစ်တွင် အခြေခံပညာ အထက်တန်းစာမေးပွဲအောင်မြင်ခဲ့သည်။


ပညာသင်ကြားခဲ့ပုံ

၁၉၇၁ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ် စဉ် (၁၆)သို့တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ရ ရှိခဲ့သည်။၁၉၈၃ ခုနှစ်တွင် အထက်တန်းရှေ့ နေ Higher Grade Pleader (H.G.P) စာမေးပွဲကိုလည်းကောင်း၊ ၁၉၈၄ ခုနှစ် တွင် မှတ်ပုံတင်ရှေ့နေ Register Lawyer (R.L) စာမေးပွဲကိုလည်းကောင်း၊ဖြေ ဆိုအောင်မြင်ခဲ့သည်။

၁၉၈၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် Lackland Ariforce Base & Sd Defence Language Institute တွင် English Language Courseကိုလည်းကောင်း Rhode Isiand ပြည်နယ် Newport မြို့ရှိ Naval Education and Training Center (NETC) တွင် International Officer Candidate Couse ကိုလည်းကောင်း တက်ရောက်အောင်မြင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ ပြီးမဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ) M.A (Defence Studies) ရရှိခဲ့သည်။

ရာထူးအဆင့်ဆင့်နှင့် မိသားစုဝင်များ

၁၉၇၄ ခုနှစ်တွင် တပ်မတော် (ရေ) ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဖြစ်ခန့် အပ်ခြင်းခံခဲ့ရသည်။ ၁၉၇၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ တပ်မတော် (ရေ) စစ်ရေယာဉ်စုများရှိ စစ်ရေယာဉ်အမျိုးအစား အမျိုးမျိုးတွင် ဒုတိယစစ်ရေယာဉ်မှူး စစ်ရေယာဉ်မှူးအဖြစ် လည်းကောင်း၊ ရေတပ်လေ့ကျင့်ရေးကျောင်းသင်တန်း ဌာနများတွင် သင်တန်းနည်းပြအရာရှိ အဖြစ်လည်းကောင်း၊ ကုန်းမြေအခြေစိုက် တပ် ရေတပ်ရှေ့တန်းစခန်းရေတပ်အခြေ စိုက်စခန်းနှင့် ရေတပ်စခန်းဌာနချုပ်များ တွင် တပ်မှူး၊ စခန်းမှူး၊ စစ်ဦးစီးအရာရှိ၊ ဒုတိယဌာနချုပ်မှူး၊ ခေတ္တဌာနချုပ်မှူး အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင် ခဲ့သည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) တွင် စစ်ဦးစီးအရာရှိ ချုပ် (ရေ) တာဝန်များကိုထမ်းဆောင်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် (ရေ)အဖြစ် ၂၀၀၈ ခုနှစ်၊ ဇွန်လတွင် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်ခင်အေးမြင့်သည် B.A (Philosophy) ဘွဲ့ရရှိခဲ့ပြီး တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တွင် ဗိုလ်မှူးအဆင့် အထိ တာဝန်ထမ်းဆောင်ခဲ့ကာအငြိမ်း စားယူခဲ့သည်။ သားနှစ်ယောက်နှင့် သမီးတစ်ယောက်ထွန်းကားခဲ့သည်။ သားကြီးဖြစ်သူ ဒေါက်တာဖေသက်ဇော် (M.B.B.S) နှင့် သမီးဖြစ်သူဒေါက်တာ သွယ်နီဉာဏ်ထွန်း (M.B.B.S) တို့သည် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနတွင် သုတေသနအရာရှိများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး သားငယ် မောင်လင်းထက်ဉာဏ်ထွန်းသည် အမျိုးသား စီမံခန့်ခွဲမှုပညာကောလိပ် (National Management College) မှ B.B.M ဘွဲ့ရ ရှိခဲ့သည်။ [3]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.