![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/1/1d/Phyo_Zeya_Thaw_in_Burmese_Parliament_%2528cropped%2529.jpg/640px-Phyo_Zeya_Thaw_in_Burmese_Parliament_%2528cropped%2529.jpg&w=640&q=50)
ဇေယျာသော်
မြန်မာ့ဟစ်ဟော့အနုပညာရှင်နှင့် နိုင်ငံရေးသမား (၁၉၈၁-၂၀၂၂) / From Wikipedia, the free encyclopedia
ဇေယျာသော် (ဖြိုးဇေယျာသော်၊ ၂၆ မတ် ၁၉၈၁ - ၂၃ ဇူလိုင် ၂၀၂၂) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် ဟစ်ဟော့အဆိုတော်ဟောင်း တစ်ဦး ဖြစ်သည်။ သူ၏ အစိုးရဆန့်ကျင်သော သီချင်းစာသားများကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဇေယျာသော်အား ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (prisoner of conscience ဟု ရည်ညွှန်းခဲ့သည်။[2] ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံခဲ့ရသည်။ [3] ၂၀၂၁ စစ်အာဏာသိမ်းပြီး တစ်နှစ်နှင့်ငါးလကျော်အကြာ ၂၀၂၂ခုနှစ် ဇူလိုင် ၂၃ရက်တွင် ၎င်းအားအကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကျူးလွန်သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက အင်းစိန်ထောင် ထဲ ကွပ်မျက်ခဲ့သည်။ [4] အမေရိကန်အခြေစိုက် Council on Foreign Relations တတ်သိပညာရှင်များအဖွဲ့က ၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ကမ္ဘာပေါ်ကထင်ရှားသည့် ပုဂ္ဂိုလ်၁၀ ဦးစာရင်းထဲ ၎င်းအား သတ်မှတ်ထည့်သွင်းဖော်ပြသည်။[5] [6]
ဇေယျာသော် | |
---|---|
![]() ဇေယျာသော် ၂၀၁၆ | |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဒေါ်စန္ဒာမင်း |
မဲဆန္ဒနယ် | ဇမ္ဗူသီရိမြို့နယ် |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂ မေ ၂၀၁၂ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
ယခင်လူ | ဦးတင်အောင်မြင့်ဦး၊ ဦး (သီဟသူရ)[1] |
ဆက်ခံသူ | ဦးထွန်းသစ် |
မဲဆန္ဒနယ် | ပုဗ္ဗသီရိမြို့နယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1981-03-26)၂၆ မတ်၊ ၁၉၈၁ ရန်ကုန်မြို့ |
ကွယ်လွန် | ဇူလိုင် ၂၃၊ ၂၀၂၂(2022-07-23) (အသက် ၄၁) အင်းစိန်အကျဉ်းထောင်၊ ရန်ကုန်မြို့ |
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
မိဘ | ဒေါက်တာမြသော် ဒေါ်ခင်ဝင်းမေ |
မိခင်ကျောင်း | အ.ထ.က(၆)ဗိုလ်တထောင် ရတနာပုံတက္ကသိုလ် |
အလုပ်အကိုင် | ဂီတပညာရှင် နိုင်ငံရေးသမား |
ဝက်ဘ်ဆိုဒ် | facebook.com/zayar.thaw |