![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/92/Photograph_of_Jaya_Sri_Maha_Bodhi_Anuradhapura_Sri_Lanka.jpg/640px-Photograph_of_Jaya_Sri_Maha_Bodhi_Anuradhapura_Sri_Lanka.jpg&w=640&q=50)
ဇေယျာသီရိမဟာဗောဓိ
သီရိလင်္ကာနိုင်ငံရှိ ဗောဓိပင် / From Wikipedia, the free encyclopedia
ဇေယျာသီရိမဟာဗောဓိ သည် သီရိလင်္ကာနိုင်ငံ၊ အနုရာဓပူရမြို့၊ Mahamewna ဥယျာဉ်တွင် တည်ရှိသည့် ဗောဓိပင်တစ်ပင် ဖြစ်သည်။ ၎င်းသည် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိပင်မှ တောင်ဘက်အကိုင်း ဖြစ်သည်ဟု ဆိုကြသည်။ ၎င်းကို ဘီစီ ၂၈၈ တွင် စိုက်ပျိုးခဲ့ကြသည်။,[1][2][3] ခုနှစ်သိရှိရပြီး ကမ္ဘာပေါ်ရှိ လူစိုက်ပျိုးခဲ့သည့် သစ်ပင်များထဲတွင် ဤဗောဓိပင်သည် သက်တမ်းအရှည်ဆုံး ဖြစ်သည်။ [4]ယနေ့အချိန်အတွင် ဤဗောဓိပင်သည် သီရိလင်္ကာနိုင်ငံ၏ အထွတ်အမြတ်ထားရာ တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်များသည်လည်း အရိုအသေရှိကြသည်။
Jaya Sri Maha Bodhi ජය ශ්රී මහා බොධිය | |
---|---|
![]() Sacred Bodhi before c. 1913 and in the recent past. | |
Species | Bodhi (Ficus religiosa) |
Location | Anuradhapura, Sri Lanka |
Coordinates | 8°20′41″N 80°23′48″E |
Date seeded | 288 BC (planted) |
Custodian | Mahavihara of Anuradhapura |
ဗောဓိပင်ကို ပတ်လည်တွင် တည်ရှိနေသည့် အပင်များက မုန်တိုင်း၊ မျောက်, လင်းနို့ကဲ့သို့သော တိရစ္ဆာန်များ၏ အန္တရာယ်မှ ကာကွယ်ပေးထားသည်။[ကိုးကားချက်လိုသည်]
၂၀၁၄ခုနှစ် ဧပြီလတွင် အစိုးရသည် ဗောဓိပင်၏ မီတာ ၅၀၀ (၁၆၀၀ ပေ) အတွင်း တည်ရှိနေသည့် တည်ဆောက်ရေးအားလုံးကို ပိတ်ပင်ခဲ့သည်။ ဗောဓိပင်အား ထိခိုက်မှုမရှိနိုင်သည်မှာ သေချာသည်များကိုမူ ခွင့်ပြုပေးခဲ့သည်။[5]