![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/04/Metabolism-en.svg/langmy-640px-Metabolism-en.svg.png&w=640&q=50)
ဇီဝကမ္မဖြစ်စဉ်
From Wikipedia, the free encyclopedia
ဇီဝကမ္မဖြစ်စဉ် (Metabolism) ဆိုသည်မှာ သက်ရှိသတ္တဝါများရှိ အသက်ကိုစောင့်ထိန်းပေးသော ဓာတုဓာတ်ပြုမှုတခုဖြစ်သည်။ ဇီဝကမ္မဖြစ်စဉ်၏ အဓိကလုပ်ဆောင်ချက် ၃ ခုရှိပြီး ယင်းတို့မှာ အစားအစာရှိ စွမ်းအင်မှ ဆဲလ်အဆင့်ထိ ကူးပြောင်းမှု၊ ပရိုတိန်း၊ နယူကလိယပ် အက်ဆစ်နှင့် အချို့သော ကာဗွန်ဟိုက်ဒရိုက်သို့ စွမ်းအင် ကူးပြောင်းမှုနှင့် ဇီဝကမ္မဖြစ်စဉ်နှင့်သက်ဆိုင်သော စွန့်ပစ်ပစ္စည်းများအား စွန့်ထုတ်မှု စသည်တို့ဖြစ်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/04/Metabolism-en.svg/640px-Metabolism-en.svg.png)
သက်ရှိသတ္တဝါအချို့၏ ဇီဝကမ္မဖြစ်စဉ်နှင့်သက်ဆိုင်သောစနစ်သည် မည်သည့်ဓာတုပစ္စည်းက အာဟာရဖြစ်သည် သို့မဟုတ် အဆိပ်အတောက်ဖြစ်သည်ဆိုသည်ကို ဆုံးဖြတ်ကြသည်။ ဥပမာ အချို့သော ပရိုကာယုတ် (Prokaryote) တို့သည် ဟိုက်ဒရိုဂျင် ဆာလဖိတ် (Hydrogen sulfide) ကို အဟာရအဖြစ် အသုံးပြုသော်လည်း ယင်းဓာတ်ငွေ့သည် တိရစ္ဆာန်များအတွက် အဆိပ်ဖြစ်စေသည်။
ကင်ဆာဖြစ်နေသောဆဲလ်နှင့် သာမန်ဆဲလ်တခု၏ ဇီဝကမ္မဖြစ်စဉ်သည် မတူညီကြပေ။ ယင်းကဲ့သို့ မတူညီသောအချက်ကို လေ့လာပြီး ကင်ဆာရောဂါ ကာကွယ်ဆေးများ ဖန်တီးရာတွင် အသုံးချနိုင်ပေသည်။[1]