ဇာဘရွတ်ကဲန်မြို့
ဂျာမနီနိုင်ငံ၊ ဇားလဲန်ဒ်ပြည်နယ်၏ မြို့တော် / From Wikipedia, the free encyclopedia
ဇာဘရွတ်ကဲန်(အင်္ဂလိပ်: Saarbrücken; US: /zɑːrˈ-, ˈsɑːrbrʊkən, ˈzɑːr-/,[3][4]; /sɑːrˈbrʊkən/,[5]ဟုလည်း အသံထွက်) သည်ဂျာမနီနိုင်ငံ ဇားလဲန်ဒ်ပြည်နယ်(Saarland)၏မြို့တော်ဖြစ်ပြီး၊ ပြည်နယ်၏ အကြီးဆုံးမြို့လည်းဖြစ်သည်။ ဂျာမန်အသံထွက်နှင့် အနီးစပ်ဆုံးမှာ ဇာဘွတ်(အ်)အဲန်(ဂျာမန်: [zaːɐ̯ˈbʁʏkn̩] ( နားဆင်))ဟူ၍ ဖြစ်သည်။ ဇာဘရွတ်ကဲန်သည် ဇားလဲန်ဒ်ပြည်နယ်၏ အုပ်ချုပ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအချက်အချာနေရာဖြစ်ပြီး၊ ပြင်သစ်နယ်စပ်နှင့်ကပ်လျက် ရှိသည်။
ဇာဘရွတ်ကဲန်မြို့ | ||
---|---|---|
၂၀၀၆-ခုနှစ် ဇန်နဝါရီမှ ဇာဘရွတ်ကဲန် | ||
| ||
Location of ဇာဘရွတ်ကဲန်မြို့ within Saarbrücken district | ||
ကိုဩဒိနိတ်: 49°14′N 7°0′E | ||
နိုင်ငံ | ဂျာမနီနိုင်ငံ | |
ပြည်နယ် | Saarland | |
တိုင်း | Saarbrücken | |
Subdivisions | 20 | |
အစိုးရ | ||
• မြို့တော်ဝန် | Uwe Conradt (CDU) | |
ဧရိယာ | ||
• မြို့ပြ | ၁၆၇.၀၇ စတုရန်းကီလိုမီတာ (၆၄.၅၁ စတုရန်းမိုင်) | |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂၃၀.၁ မီတာ (၇၅၄.၉ ပေ) | |
လူဦးရေ (2017-06-30) | ||
• မြို့ | ၁၈၀၆၂၃ | |
• သိပ်သည်းမှု | ၁၁၀၀/km၂ (၂၈၀၀/sq mi) | |
• မြို့ပေါ် | ၃၂၉၅၉၃[1] | |
• မြို့ပြကြီး | ၇၀၀၀၀၀[2] | |
အချိန်ဇုန် | CET/CEST (UTC+1/+2) | |
စာပို့သင်္ကေတ | 66001–66133 | |
တယ်လီဖုန်းနံပါတ် | 0681, 06893, 06897, 06898, 06805 | |
ယာဉ်မှတ်ပုံတင် | SB | |
ဝက်ဘ်ဆိုဒ် | www.saarbruecken.de |
ဇာဘရွတ်ကဲန်မြို့ကို ၁၉၀၉ ခုနှစ်တွင် ဇာဘရွတ်ကဲန်၊ စိန့်ဂျိုဟန်(St. Johann) နှင့် မားလ်စတပ်တ်-ဘားဘပ်ခ်(Malstatt-Burbach)ဟူသော မြို့ငယ်သုံးခုကို ပေါင်းစည်းခြင်းဖြင့် တည်ထောင်ခဲ့သည်။ ၎င်းသည် ဇားကျောက်မီးသွေး ချိုင့်ဝှမ်း(Saar coal basin)၏ စက်မှုနှင့် သယ်ယူပို့ဆောင်ရေးဗဟို ဖြစ်ခဲ့သည်။ သံ၊ သံမဏိ၊ သကြား၊ ဘီယာ၊ အိုး၊ အလင်းသုံးကိရိယာများ(optical instruments)၊ စက်နှင့်ဆောက်လုပ်ရေးပစ္စည်းများ ဤဒေသမှထွက်ရှိသည်။
မြို့၏သမိုင်းဝင်နေရာများမှာ ဇားမြစ် (Saar)ဖြတ် ကျောက်တံတား(၁၅၄၆)၊ အလယ်ခေတ်ဂေါ့သစ်(Gothic)လက်ရာ စိန့်အာနူယယ်(St. Arnual) ဘုရားကျောင်း၊ ၁၈ ရာစု ဇာဘရွတ်ကဲန်ရဲတိုက် (Saarbrücken Castle)နှင့် မြို့၏ရှေးဟောင်းအစိတ်အပိုင်းဖြစ်သော စိန့်ဂျိုဟန်ဈေး (Sankt Johanner Markt)တို့ ဖြစ်ကြသည်။