ဇာဂနာ(ကိရိယာ)သည် ၁၉၇၉-ခု၊ ဩဂုတ်လထုတ်မြန်မာအဘိဓာန် အကျဉ်းချုပ်၊ အတွဲ(၂) ဆ-န၊ စာမျက်နှာ-၄၅ တွင် ဇာဂဏာ ဟုရေးသည်။ ဇာဂနာသည် သေးငယ်သော ပစ္စည်းလေးများအား ညှပ်၍ ယူနိုင်ရန်အတွက် တီထွင်ထားသော ကိရိယာ အသေးစားတစ်ခုဖြစ်သည်။ မွေးညှင်းများအား ညှပ်ယူနိုင်သောကြောင့် မွေးညှပ်ဟူ၍ လည်းကောင်း ၊ မြီးညှပ်ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ဤပစ္စည်းကလေးသည် အလွန်သေးငယ်သော်လည်း အသုံးဝင်မှုများစွာ ရှိသည်။ သေးငယ်သော အစိတ်အပိုင်းများပါရှိသည့် စက်ပစ္စည်းများအား ပြုပြင်ရာ၌ လွန်စွာ အသုံးဝင်လေ့ရှိသည်။ မြန်မာဘာသာ၌ ၎င်း ဇာဂနာ၏ အရေအတွက်အား ရေတွက်ရာတွင် ချောင်း သို့မဟုတ် ခု ဖြင့် ရေတွက်ကြရသည်။ [1]
ကိုးကား
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.