From Wikipedia, the free encyclopedia
ဆိုနီ တေးဂီတ ဖျော်ဖြေရေး (Sony Music Entertainment; Sony Music သို့မဟုတ် SME) သည် ဂျပန်ကုမ္ပဏီကြီး ဆိုနီကော်ပိုရေးရှင်း၏ လက်အောက်ခံ အမေရိက ဆိုနီ ကော်ပိုရေးရှင်း (Sony Corporation of America) မှ စီမံအုပ်ချုပ်သည့် အမေရိကန်တေးဂီတ ကော်ပရေးရှင်း တစ်ခုဖြစ်သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး အသံသွင်းကုမ္ပဏီ တစ်ခုဖြစ်သည်။
အမျိုးအစား | လက်အောက်ခံကုမ္ပဏီ |
---|---|
လုပ်ငန်း | တေးဂီတ နှင့် ဖျော်ဖြေရေး |
Genre | Eclectic |
တည်ထောင်သည့်နှစ် |
|
ဌာနချုပ် | ဆိုနီတာဝါ၊ နယူးယောက်မြို့, အမေရိကန်ပြည်ထောင်စု |
အရေးပါ ပုဂ္ဂိုလ်များ |
|
ထုတ်ကုန်ပစ္စည်း | တေးဂီတနှင့် ဖျော်ဖြေရေး |
ဝင်ငွေ | အမေရိကန်ဒေါ်လာ ၄.၈၉ ဘီလီယံ (၂၀၁၄ ဘဏ္ဍာရေးနှစ်)[1] |
အခွန်မဆောင်မီ ဝင်ငွေ | အမေရိကန်ဒေါ်လာ ၄၈၇ သန်း (၂၀၁၄)[1] |
ပိုင်ရှင်များ | ဆိုနီ |
မိခင်ကုမ္ပဏီ | အမေရိက ဆိုနီ ကော်ပိုရေးရှင်း |
ဝက်ဘ်ဆိုက် | sonymusic.com |
၁၉၂၉ ခုနှစ်တွင် အမေရိကန် အသံသွင်း ကော်ပိုရေးရှင်း American Record Corporation (ARC) အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် စီဘီအက်စ် ရုပ်သံကုမ္ပဏီ (CBS Broadcasting, Inc.)မှ ဝယ်ယူခဲ့ကာ ကိုလံဘီယာ အသံသွင်း ကော်ပိုရေးရှင်း Columbia Recording Corporation အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် စီဘီအက်စ် အသံသွင်း အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် အမေရိက ဆိုနီ ကော်ပိုရေးရှင်းမှ စီဘီအက်စ် အသံသွင်းကုမ္ပဏီကို ဝယ်ယူခဲ့ပြီး ဆိုနီ တေးဂီတ ဖျော်ဖြေရေး အဖြစ် အမည်ပြောင်းလဲခဲ့သည်။
၂၀၀၄ ခုနှစ်တွင် SME နှင့် ဘာတယ်စမန် တေးဂီတ အုပ်စု (Bertelsmann Music Group) တို့ပူးပေါင်းပြီး ဆိုနီ ဘီအမ်ဂျီ တေးဂီတ ဖျော်ဖြေရေး အဖြစ် ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် ဘီအမ်ဂျီ၏ လုပ်ငန်းတစ်ဝက်ခန့်ကို ဆိုနီမှ လွှဲပြောင်းယူခဲ့ပြီးနောက် ဆိုနီ တေးဂီတ ဖျော်ဖြေရေး အဖြစ် အမည် ပြန်လည် ပြောင်းလဲခဲ့သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.