အင်ဒိုနီးရှား ရိုးရာဟင်းချို From Wikipedia, the free encyclopedia
ဆိုတိုသည် ဟင်းရည်၊ အသားနှင့် အရွက်တို့ဖြင့် ပြုလုပ်ထားသော အင်ဒိုနီးရှား ရိုရာ စွပ်ပြုတ်တစ်မျိုးဖြစ်သည်။ များစွာသော ရိုးရား စွပ်ပြုတ်တို့ကို ဆိုတို (soto) ဟုခေါ်ပြီး နိုင်ငံရပ်ခြားနှင့် အနောက်တိုင်း လွှမ်းမိုးမှုရှိသော စွပ်ပြုတ်ကိုတော့ ဆော့ပ် (sop) ဟုခေါ်သည်။
အဝါရောင်သန်းသည့် အုန်းနို့ဟင်းရည်ဖြင့် ပြုလုပ်ထားပြီး ပါးပါးလေး လှီးထားသော လွန်တောင် ဆန်မုန့်နှင့် ကြက်သွန်ကြော် ထည့်ထားသော ဆိုတို အာယမ် သို့မဟုတ် ကြက်သား ဆိုတို | |
အခြားအမည်များ | Sroto, Coto, Tauto |
---|---|
အဓိကသုံးဆောင်မှု | အဓိက ဟင်းလျာ |
မူရင်းနိုင်ငံ | အင်ဒိုနီးရှားနိုင်ငံ |
ဒေသ | အင်ဒိုနီးရှား နိုင်ငံတဝှမ်း၊ မလေးရှား၊ ဘရူနိုင်းနှင့် စင်ကာပူနိုင်ငံ |
ဆက်နွယ်သောအမျိုးသားအစားအစာ | အင်ဒိုနီးရှား အစားအစာ |
သုံးဆောင် အပူချိန် | အပူ |
အဓိက ပါဝင်ပစ္စည်း | အင်ဒိုနီးရှားရိုးရာ ကြက်သား၊ အမဲသားနှင့် ဝမ်းတွင်းသား မျိုးစုံ ဟင်းရည် |
မျိုးကွဲများ | အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း မျိုးကွဲများစွာရှိ |
Cookbook: Soto Media: Soto |
ဆိုတိုကို အင်ဒိုနီးရှား အမျိုးသား ဟင်းလျာ[1]အဖြစ် မှတ်ယူထားကြပြီး ဆူမာတြာကျွန်းမှသည် အနောက်ပါပူအာကျွန်းအထိ ပျံနှံ့ စားသုံးကြသည်။ ဆိုတိုကို အင်ဒိုနီးရှားနိုင်ငံအနှံ ဝါရွန်းလို့ခေါ်သော လမ်းဘေး ဆိုင်သေးသေးလေးများ၊ လမ်းထောင့်တို့တွင် ရောင်းချသော လမ်းဘေးဈေးသည်များမှအစ စားသောက်ဆိုင်နှင့် ဇိမ်ခံဟိုတယ်များအဆုံး နေရာဒေသမရွေးရရှိနိုင်သည်။[2] အင်ဒိုနီးရှား၏ ကြက်သားစွပ်ပြုတ်မှာ ဆိုတို အထူးသဖြင့် ဆိုတို အာယမ် (ကြက်သားဆိုတို) ဖြစ်ပြီး နူးညံသော အရသာကို ပူပူနွေးနွေး သုံးဆောင်ရသည်။ ထိုကြောင့် ဆိုတိုကို အင်ဒိုနီးရှားနိုင်ငံ၏ နွေးထွေးစေသော အစားအစာ (comfort food) အဖြစ် မှတ်ယူထားကြသည်။[3][4][5]
အင်ဒိုနီးရှားနိုင်ငံမှ များပြားလှသော ရွေ့ပြောင်းလုပ်သားများကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ဤဟင်းလျာကို တွေ့ရှိနိုင်ပြီး ထိုနိုင်ငံများ၏ အစားအစာသဖွယ် ဖြစ်၍ နေခဲ့သည်။
ဂျားဗားကျွန်းမှ ရွေ့ပြောင်းလာသူများကြောင့် ဆူရာနမ်နိုင်ငံတွင် ဤဟင်းလျာသည် ထိုနိုင်ငံ၏ အမျိုးသား ဟင်းလျာတစ်ခုသဖွယ် ဖြစ်လာခဲ့ပြီး ဆာအာတို (saoto) ဟုခေါ်ကြသည်။[6]
အင်ဒိုနီးရှားကျွန်းစုတွင် ဆိုတိုကို အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည်။ ဂျာဗားဒေသစကားဖြင့် ဆိုလျှင် soto ဟုခေါ်ပြီး ပီကလွန်ဂန်တွင် ထိုဟင်းကို tauto ဟုခေါ်ကြသည်။ မာကာဆာသို့ ပျံ့နှံ့သွားသည့်အခါတွင် coto ဟူ၍ ထိုဟင်းကို ခေါ်ခဲ့ကြသည်။ ဆိုတိုသည် မူရင်း ဂျားဗားကျွန်းမှ ဖြစ်ပြီး ထိုကျွန်း အနှံ့မှ အခြားဒေသများသို့ ပျံ့နှံ့သွားကာ ဆိုတို အမျိုးအစား အများအပြား ကွဲပြားသွားခဲ့ခြင်း ဖြစ်သည်။[7]
ဆိုတိုသည် အင်ဒိုနီးရှားကျွန်းစုမှ မူရင်းဖြစ်ခဲ့ပြီး အခြားသော ဒေသများတွင် ကိုယ်ပိုင် ဆိုတို ဟင်းချက်နည်းတို့ဖြင့် ဖြစ်ထွန်းလာခဲ့သော ဟင်းလျာဖြစ်သည်မှာ မှန်သော်လည်း သမိုင်းပညာရှင်များက ဤဟင်းလျာမှာ အခြားသော တိုင်းတစ်ပါး ဟင်းချက်နည်း အထူးသဖြင်း တရုတ်ဟင်းချက်နည်းကို မှီး၍ ထွက်ပေါ်လာသည်ဟု ယူဆကြသည်။ ဒန်နီ လွန်ဘတ်မှ သူ၏ စာအုပ် Le Carrefour Javanais ထဲတွင် ဆိုတို၏ မူလအစမှာ တရုတ်စွပ်ပြုတ် caudo (တရုတ်: 草肚; ပင်ယင်: tsháu-tōo; literally "Tripe") ဖြစ်ပြီး ဒတ်ချ် အရှေ့အိန္ဒိယခေတ် ၁၇ ရာစုခန့်က ဆီမာရန်တွင် နေထိုင်ကြသော တရုတ်လူမျိုးတို့ ချက်ပြုတ်ခဲ့သော ဟင်းလျာဖြစ်မည်ဟု ယူဆခဲ့သည်။ .[8]
ဤအသားတို့ဖြင့် ချက်ထားသော ဟင်းရည်သည် ဒေသအများအပြားတွင် လွှမ်းမိုးမှု ရှိနေပြီး မိမိတို့ ဒေသအလိုက် ရရှိနိုင်သော အမယ်များ၊ ဒေသအလိုက် အကြိုက်တို့ဖြင့် ပြုပြင်ပြောင်းလဲ၍ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်ခဲ့ကြသည်။ ထိုအချက်တို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ အနှံ့အပြား၌ အများစုံသော ဆိုတိုဟင်းရည်များ ပေါလျံကြွယ်ဝစွာ ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
အသားတွင် ကြက်သားနှင့် အမဲသားကို အဓိကအားဖြင့် အသုံးပြုကြပြီး ဝမ်းတွင်းသား၊ သိုးသားနှင့် ကျွဲသားတို့ကိုလည်း အသုံးကြသေးသည်။ အင်ဒိုနီးရှားရိုးရာ ဆိုတိုတွင် ဝက်သားအသုံးပြုမှုမှာ ရှားပါးလှပြီး ဟိန္ဒူ အဓိကကိုးကွယ်သော ဘာလီကျွန်းတွင် ဆိုတို ဘာဘီ (ဝက်သား ဆိုတို)ကို တွေ့နိုင်သည်။[9] ဆိုတိုကို များသောအားဖြင့် ထမင်း သို့မဟုတ် ဆန်မုန့် (လွန်တောင်, ကဲ့တူပတ် သို့မဟုတ် ဘူရာဆာ) တို့နှင့် တွဲဖက်စားသုံးကြသည်။
အခြားသော အမယ်များမှာ ဆော့ဟွန်းဟုခေါ်သော ဆန်ကြာဇံ၊ ပဲပင်ပေါက်နှင့် ကြက်သွန်မြိတ်တို့ ဖြစ်ကြသည်။ ဆိုတိုထဲတွင် ကြက်သွန်နီကလေး၊ ကြက်သွန်ဖြူ၊ နနွင်း၊ ပတဲကောကြီး၊ ဂျင်းတက်၊ နံနံပင်၊ ဆားနှင့် ငရုတ်ကောင်းစသော ဟင်းခတ်အမွေးအကြိုင်တို့ကို အများအားဖြင့် အသုံးပြုကြသည်။
ဆိုတိုအရည်၏ အကျဲအပစ်၊ အရောင်နှင့် ဆိုတိုထဲတွင် ပါဝင်သော အရာတို့မှာ ချက်ပြုတ်နည်းများပေါ် မူတည်၍ ကွဲပြားကြသည်။ ဆိုတိုသည် ဘန်ဒေါင်းဆိုတိုကဲ့သို့ အရည်ကျဲကျဲ ဆိုတိုဖြစ်စေ၊ အဝါရောင် (နနွင်းပါဝင်မှုကြောင့်) သန်းသည့် ဆိုတိုဖြစ်စေ၊ ဒါ့မှမဟုတ် ဆိုတိုအာယမ်းကဲသို့ဖြစ်စေ၊ အုန်းနို့ သို့မဟုတ် နို့ဖြင့်ပြုလုပ်သည့် ဆိုတိုကာကီ သို့မဟုတ် ဆိုတို ဘီတဝီ ကဲ့သို့ဖြစ်စေ တွေ့ရနိုင်သည်။
မလေးရှားနှင့် စင်ကာပူတို့ရှိ ဆိုတိုမှာ ကြက်သားပြုတ်ရည် ကျဲကျဲထဲတွင် ထမင်းတုံးတို့အား ထည့်ထားပြီး စပ်သော အရသာရှိသည်။ ဤသည်မှာ အဝါရောင်သန်းသည့် အရည်ကျဲကျဲတို့ဖြင့် တည့်ခင်းသော ဆိုတို အာယမ်နှင့် တူပြီး အရှေ့ဂျားဗားရှိ ဆိုတို လာမွန်ငန် နှင့် ဆိုတို မာဒူရာတို့နှင့်လည်း ဆင်တူသည်။ အခြားသော ဟင်းလျာများကဲ့သို့ပင် နှစ်ဆယ်ရာစု အစောပိုင်းကာလ၌ ရွေ့ပြောင်းနေထိုင်ကြသော ဂျားဗားလူမျိုးတို့သည် နိုင်ငံအနှံ ဤကဲ့သို့ ဟင်းလျာချက်ပြုတ်နည်းတို့ကို သယ်ဆောင်သွားခဲ့သည်။
ရရှိနိုင်သော အမယ်နှင့် ဒေသအလိုက် အကြိုက်အရသာပေါ် မူတည်၍ အင်ဒိုနီးရှားကျွန်းစုအတွင်း ဆိုတိုချက်နည်းများ ပျံနှံ့တည်ရှိနေရာ အင်ဒိုနီးရှားတွင် ဆိုတိုချက်နည်းနှင့် မျိုးကွဲ မြောက်မြားစွာ ရှိ၍ နေပါသည်။[8]
အချို့ဆိုတိုတို့၏ အမည်ကို ပြုလုပ်သည့် ဒေသ သို့မဟုတ် မြို့နာမည်ကို အခြေခံ၍ ပေးထားသည်။ ၎င်းဒေသအလိုက် မျိုးကွဲတို့မှာ -
အခြားသော ဆိုတိုများမှာ အဓိကပါဝင်သော အမယ်ကြီးများအလိုက် အမည်ကွဲပြားကြသည်။ ၎င်းတို့မှာ-
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.