ဆိုင်းဂျိ

From Wikipedia, the free encyclopedia

ဆိုင်းဂျိmap

ဆိုင်းဂျိ (西寺, Sai-ji) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် ကြီးမားသည့် ဗုဒ္ဓဘာသာကျောင်းတော်နှစ်ခုထဲမှ တစ်ခုလည်း ဖြစ်သည်။ ဆိုင်းဂျိဟူသည့်အမည်မှာ “အနောက်ကျောင်းတော်” ဟု အဓိပ္ပါယ်ရသည်။

Thumb
ဆိုင်းဂျိအမှတ်တရကျောက်တိုင်
Thumb
Sai-ji viewed from the south in a miniature model of historical Heian-kyō

သမိုင်းကြောင်း

ဆိုင်းဂျိကို ဟဲအိအန်ခေတ်အစောပိုင်းတွင် တည်ဆောက်ခဲ့သည်။ မြို့တော်ကို ဟဲအိအန်ခယောသို့ ပြောင်းရွှေ့ပြီး ၂ နှစ်ကြာ ၇၉၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ဆိုင်းဂျိကျောင်းတော်ကို အခြားသောကျောင်းတော်ဖြစ်သည့် တိုးဂျိ (အရှေ့ကျောင်းတော်) နှင့်အတူ တည်ဆောက်ခဲ့သည်။ ကျောင်းတော်တစ်ခုချင်းစီသည် ခန့်မှန်းခြေ အလျား ၃၀၀ မီတာ၊ အနံ ၃၀၀ မီတာ အကျယ်အဝန်းရှိသည်။ တိုးဂျိ (အသစ်ပြန်လည်တည်ဆောက်ထား) သည် လက်ရှိအချိန်ကာလအထိ ကျန်ရှိနေခဲ့သော်ဆိုင်းဂျိသည် ၉၉၀ ခုနှစ်နှင့် ၁၂၃၃ ခုနှစ်တို့တွင် မီးလောင်ခဲ့ရပြီး ထို့နောက်တွင် ပြန်လည်တည်ဆောက်မှုများ မရှိခဲ့ချေ။

ကျောင်းတော်နှစ်ခု (နန်းတော်အတွင်းရှိ ရှင်းဂွန်းအင်းအပါအဝင်) အတွင်းသို့ တည်ဆောက်ခဲ့စဉ်ကာလက ဗုဒ္ဓဘာသာအဖွဲ့အစည်းများကိုသာ ဝင်ခွင့်ပြုခဲ့သည်။ ထိုစဉ်းမျဉ်းကို ဘုရင်ဧကရာဇ်ဖြစ်သည့် ခန်းမုက ၈ ရာစုကာလအချိန်တွင် ဟဲအိဂျောခယော (လက်ရှိ နာရ) တွင် ဗုဒ္ဓဘာသာအဖွဲ့အစည်းတွင် နိုင်ငံရေးလွှမ်းမိုးမှုများ မရှိစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကျိုတိုမြို့၊ မိနမိရပ်ကွက်တွင် ကျောင်းတော်တည်ရှိခဲ့သည့်နေရာတွင် အမှတ်တရကျောင်းတော်တစ်ခုကို တည်ဆောက်ထားသည်။ ထိုကျောင်းတော်သည် ခုဂျောလမ်းနှင့် ဆန်းဘွန်းလမ်းတို့ ဆုံရာနေရာ၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။

ပြင်ပလင့်များ

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.