ဆိုင်ကလုန်းမုန်တိုင်း ရွန်နူ
From Wikipedia, the free encyclopedia
ဆိုင်ကလုန်းမုန်တိုင်း ရွန်နူ သည် ၂၀၁၆ ခုနှစ်၊ မေလတွင် သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် တိုက်ခတ်ခဲ့သည့် အားပျော့သည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ကာ ၎င်းကြောင့် ရေလွှမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ဤဆိုင်ကလုန်းမုန်တိုင်းသည် ထိုနှစ်၏ မုန်တိုင်းရာသီတွင် ပထမဆုံးတိုက်ခတ်ခဲ့သည့် မုန်တိုင်းဖြစ်သည်။ ရူနူမုန်တိုင်းသည် သီရိလင်္ကာနိုင်ငံတောင်ဘက်ပိုင်းတွင် လေဖိအားနည်းဧရိယာတစ်ခုဖြစ်ပေါ်လာပြီး စတင်ခဲ့သည်။ ၎င်းသည် တဖြည်းဖြည်း မြောက်ဘက်သို့ ရွေ့လျားကာ မေလ ၁၉ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းတစ်ခုအဖြစ် အင်အားကြီးထွားခဲ့သည်။ သို့သော်လည်း လေတိုက်နှုန်းနှင့် ကုန်းမြေအပေါ်သက်ရောက်မှုသည် အတန်ငယ် အားပျော့လျက်ရှိသည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဆီသို့ ရွေ့လျားသည့်အခါတွင် အရှိန်ဖြင့် အင်အားကြီးသွားခဲ့သည်။[1]
ဆိုင်ကလုန်းမုန်တိုင်း (IMD စကေး) | |
---|---|
အပူပိုင်း မုန်တိုင်း (JTWC စကေး) | |
Cyclone Roanu at peak intensity, approaching Bangladesh on 21 May | |
ဖြစ်ပေါ်ခြင်း | 19 May 2016 |
ကွယ်ပျောက်ခြင်း | 23 May 2016 |
(Remnant low after 22 May) | |
အမြင့်ဆုံးလေတိုက်နှုန်း | 3-minute sustained: တစ်နာရီ ၈၅ ကီလိုမီတာနှုန်း (တစ်နာရီ ၅၀ မိုင်နှုန်း) 1-minute sustained: ၁၁၀ ကီလိုမီတာနှုန်း (တစ်နာရီ ၇၀ မိုင်နှုန်း) |
အနိမ့်ဆုံး လေဖိအား | ၉၈၃ mbar (hPa)၊ ၂၉.၀၃ inHg |
အသေအပျောက် | 135 total, 99 missing |
ပျက်စီးမှု | $2.13 ဘီလီယံ (2016 USD) |
သက်ရောက်သည့် ဧရိယာ | Sri Lanka, East coast of India, Bangladesh, Myanmar, Yunnan |
2016 North Indian Ocean cyclone season ၏ အစိတ်အပိုင်း | |
မုန်တိုင်းကြောင့် သေဆုံးသူသည် သီရိလင်္ကာတွင် ၂၀၁ ဦးရှိပြီး ဘင်္ဂလားဒေ့တွင် ၂၆ ဦး ရှိခဲ့သည်။ ပျက်စီးမှုတန်ကြေးသည် သီရိလင်္ကာ၌ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ရှိခဲ့သည်။ ရူနူမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်များဖြစ်သည့် တမီနဒု၊ အန်ဒရာပရာဒေ့၊ ကီရာလာနှင့် ဩရိဿ စသည့်ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကို ဖြစ်စေခဲ့ပြီး ကမ်းရိုးတန်းနှင့် နီးကပ်သည့် အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားသည်။