![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/59/Shiuli_phool_-_panoramio.jpg/640px-Shiuli_phool_-_panoramio.jpg&w=640&q=50)
ဆိပ်ဖလူး
From Wikipedia, the free encyclopedia
ဆိပ်ဖလူးပန်းသည် ညအခါတွင် အလွန်မွှေးပျံ့သောကြောင့် Night-flowering Jasmine ဟု အမည်ခေါ်တွင်သည်။ ရခိုင်လို ရိုးလှသန္တာပင်ဟု ခေါ်သည်။ [1] Nyctanthes မျိုးစိတ်ဖြစ်ပြီး အာရှတိုက်တောင်ပိုင်း၊ ပါကစ္စတန်၊နီပေါ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ ဇာတိဖြစ်သည်။ အပင်သည် အပင်ပုမျိုးဖြစ်ပြီး ၁၀ မီတာအထိ အမြင့်ရှိသည်။ ပင်စည်သည် မီးခိုးရောင်ရှိသည်။ အရွက်များသည် မျက်နှာချင်းဆိုင်ဖြစ်ပြီး ၆ စင်တီမီတာမှ ၁၂ စင်တီမီတာထိ ရှည်လျားကာ ၂ စင်တီမီတာမှ ၆.၅ စင်တီမီတာထိ ဗြက်ကျယ်သည်။
Parijat, Hengra bubar, night-flowering jasmine, Shiuli | |
---|---|
![]() | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Asterids |
မျိုးစဉ်: | Lamiales |
မျိုးရင်း: | Oleaceae |
မျိုးဇာတ်: | Myxopyreae |
မျိုးစု: | Nyctanthes |
မျိုးစိတ်: | N. arbor-tristis |
ဒွိနာမ | |
Nyctanthes arbor-tristis | |
Synonyms | |
ပန်းပွင့်များသည် အလွန်မွှေးပျံ့ပြီး အဖြူရောင်ပွင့်ဖတ်များ ၅ ခုမှ ၈ ခုအထိရှိပြီးအလယ်တိုင်မှာ လိမ္မော်နီရောင်ရှိသည်။ အပွင့်များသည် ၂ ပွင့်မှ ၇ ပွင့်ထိ အဆုပ်လိုက် ပွင့်သည်။ ညနေစောင်းမှ စတင်ကာနံနက်အရုဏ်တက်ချိန်ထိ တစ်ပွင့်ချင်း အပွင့်များပွင့်သည်။ အသီးသည် ၂စင်တီမီတာရှိသော အသည်းပုံသဏ္ဌာန်ရှိပြီး ပြားချပ်သည့်သဏ္ဌာန်ရှိသလို လုံးဝန်းသည့်သဏ္ဌာန်လည်းရှိသည်။ အသီးသည် ၂ ခုတွဲဖြစ်ပြီး တစ်ခုစီတွင် အစေ့တစ်စေ့စီပါရှိသည်။