From Wikipedia, the free encyclopedia
ဆပ်ပြာရည်တစ်ခွက်တွင် သင်္ဘောရိုးကိုနှစ်လျက် ဆပ်ပြာ ပူဖောင်းဖြစ်အောင် မှုတ်ကစားနေသော ကလေးများကို ကြည့် ရခြင်းအားဖြင့် မည်မျှပျော်ရွှင်ကြသည်ကို တွေ့ရပေမည်။ ဆပ် ပြာပူဖောင်းများတွင် လှပသောအရောင်စုံများ ရောယှက်ထွက် ပေါ်လျက်ရှိသည်။
ဆပ်ပြာပူဖောင်းကို ကလေးကစားစရာသက်သက်ဟု သဘောထား၍ မပြီးနိုင်ချေ။ သိပ္ပံပညာနှင့်သက်ဆိုင်၍ များစွာ အကူအညီ အထောက်အပံ့ရသော အချက်အလက်များကို ဆပ် ပြာပူဖောင်းမှ ရှာဖွေတွေ့ရှိနိုင်ပေသည်။ ယင်းသို့ ရှာဖွေတွေ့ရှိခဲ့ သော ပုဂ္ဂိုလ်ကား ဂျိုးဇက် ပလာတိုးဆိုသူ ဗဲလဂျီယန်လူမျိုး မျက်မမြင် သိပ္ပံပညာရှင် တစ်ဦးဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် မျက်မြင်သူတို့၏ အကူအညီဖြင့် ဆပ်ပြာရည် အမြေ|းတွင် လေ့လာစုံစမ်းခဲ့ရာ၊ အရည်များ၏ အတွင်းအားသဘောနှင့် သက်ဆိုင်သည့် အရေးကြီး၍ စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများကို သိခဲ့လေသည်။ ပူဖောင်းသည် မည် သည့်အတွက်ကြောင့် လုံးရသည် ဆိုသည့်အချက်ကို လူတိုင်း ပင် သိလိုကြပေမည်။ မိုးရေပေါက်ကလေးသည် မျက်နှာပြင် တင်းမှုကြောင့် ငယ်နိုင်သမျှ ငယ်သွားပြီးလျှင် လုံးသွား၏။ အလုံးတစ်ခု၌ရှိသော မျက်နှာပြင်သည် အရွယ်ထုချင်းတူညီ သော အစိုင်အခဲတစ်ခု၏ မျက်နှာပြင်ထက်ငယ်၏။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ မျက်နှာပြင်တင်းအား၏ သတ္တိကြောင့်ပင်ဖြစ် သည်။ သို့ဖြစ်ပါ၍ မိုးပေါက်၊ နှင်းပေါက်ကလေးများ လုံးရ ခြင်းမှာ မျက်နှာပြင်တင်းအေားကြောင့်ဖြစ်သည်။ ကျည်ဆန် ပြုလုပ်ရာတွင် ကျိုထားသည့် ခဲရည်ကိုလောင်းချသောအခါ အလုံးများ ဖြစ်လာရခြင်းမှာလည်း မျက်နှာပြင် တင်းအား ကြောင့်ပင်ဖြစ်သည်။
ရေပေါက်တွင် မျက်နှာပြင်တစ်ခုတည်းသာရှိသော်လည်း ပူဖောင်းတွင်ကား မျက်နှာပြင်နှစ်ခုရှိသည်။ တစ်ခုမှာ အတွင်း၌ ရှိ၍၊ အခြားတစ်ခုသည် အပြင်၌ရှိသည်။ ထိုကြောင့် အရွယ် ချင်းတူညီလျှင် ပူဖောင်းကလေး၏မျက်နှာပြင် တင်းအားသည် ရေပေါက်ကလေး၏ မျက်နှာပြင်တင်းအားထက် နှစ်ဆပိုမည်။ ပူဖောင်းသည် အတွင်းရှိ လေ၏ဖိအား ရပ်စဲသွားသည်အထိ ကျုံ့ဝင်လျက်နေသည်။ ကမ္ဘာ့ဆွဲအားသည် ပူဖောင်း၏ထိပ်ပိုင်း ကို ဆွဲသဖြင့် ထိုထိပ်ပိုင်းသည်ပို၍ ပါးလာပြီးလျှင် ပေါက်ကွဲ လွယ်သည်။ ထိုအကြောင်းကြောင့်ပင် ပူဖောင်းသည်တာရှည်မခံ နိုင်ချေ။ သို့သော် ဆပ်ပြာရည်ပူဖောင်းသည် ရေပူဖောင်းထက် ပို၍ တာရှည်တည်နေနိုင်၏။ အဘယ်ကြောင့်ဆိုသော်၊ ဆပ်ပြာ ရည်သည် ရေထက်ကျုံ့အားနည်းသောကြောင့်ဖြစ်၏။ တစ်နည်း အားဖြင့်ဆိုလျှင် မျက်နှာပြင်တင်းအား ပျော့သောကြောင့်ပင်ဖြစ် ၏။ ထို့ပြင် ဆပ်ပြာရည်တွင် မျက်နှာပြင်တင်းအားသည် တစ်ချိန်နှင့်တစ်ချိန် မတူအောင်ပြောင်းလဲသောကြောင့်လည်း ဖြစ်လေသည်။
ဂလစ်ဆရင်းခေါ် အလှဆီပါသော ဆပ်ပြာရည်ဖြင့် မှုတ် ထားသော ပူဖောင်းများသည် အခြေအနေကောင်းလျှင် ရက် ပေါင်းများစွာကြာအောင်ပင် တည်နေနိုင်ကြသည်။ ထိုကဲ့သို့ သော ပူဖောင်းမျိုးသည် တစ်နှစ်ကြာမျှ တည်နေနိုင်ကြောင်းကို မှတ်တမ်းတင်ထားခဲ့ဘူးလေသည်။ ဆပ်ပြာရည်ပူဖောင်းမှ လှပ သောအရောင်များ ထွက်လာရသည့် အကြောင်းကို လူတိုင်းပင် သိလိုပေမည်။ ဆပ်ပြာပူဖောင်းပေါ်သို့ ကျရောက်သော အလင်း တန်းသည် အမြေ|း၏မျက်နှာပြင် နှစ်ခုလုံးကို ဟပ်၍ပြန်တက် လာ၏။ ထိုကြောင့် ပြန်တက်လာသည့် အလင်းတန်းများ၏ လှိုင်းများသည် ကျရိုးအတိုင်းမကျဘဲ အချင်းချင်း ဖျက်လိုက် ကြလေသည်။
ထိုသို့ ဖျက်လိုက်ကြရာတွင်အလင်းတွင်ရှိသော အရောင်များအနက် အရောင်တစ်ရောင်သည်ပျောက်သွားလေ သည်။ ထိုအရောင်၏ ဖြည့်ဖက်အရောင်ကိုအလင်းရောင်တွင် မြင်နိုင်၏။
ပူဖောင်း အထူအပါးပြောင်းလဲသည်ကိုလိုက်၍ ပူဖောင်းမှ ပြန်တက်လာသောအလင်း၏ အရောင်များသည်လည်း ပြောင်းလဲကြသည်။
မှုတ်ခါစတွင် ပေါက်၍မသွားသော ပူဖောင်းသည် အပေါ် သို့တက်နိုင်၏။ အဘယ်ကြောင့်ဆိုသော် မှုတ်လိုက်သည့်လေ သည် ပို၍နွေးသောကြောင့်ဖြစ်၏။ နွေးသည့်လေသည် အေး သည့်လေထက် ပို၍ပေါ့သည်။ ကာဗွန်ဒိုင်အောက်ဆိုက် သို့မ ဟုတ် အီသာသည် လေထက်ပို၍ လေးသဖြင့် လေအေးနှင့် မှုတ်ထားသော ပူဖောင်းသည် ထိုဓာတ်ငွေ့များအတွင်း၌ အပေါ် သို့တက်နိုင်၏။ အထက်ပါ ဖော်ပြချက်များသည် သိပ္ပံပညာရှင် များက ဆပ်ပြာရည်ပူဖောင်းတွင် လေ့လာစုံစမ်းခဲ့ကြသဖြင့် သိရသည့် စိတ်ဝင်စားဖွယ်ကောင်းသော အချက်အချို့ပင် ဖြစ်လေသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.