မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြို့ From Wikipedia, the free encyclopedia
ဆဒုံးမြို့ သို့မဟုတ် ဆဒေါင်မြို့ သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။[2]
ဆဒုံးမြို့ | |
---|---|
မြို့ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 25°23′34″N 97°53′59″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကချင်ပြည်နယ် |
ခရိုင် | မြစ်ကြီးနားခရိုင် |
မြို့နယ် | ဝိုင်းမော်မြို့နယ် |
လူဦးရေ (၂၀၁၄) | ၁၀,၄၉၆[1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
မြစ်ကြီးနားမြို့အရှေ့ဘက် မိုင် ၄ဝ ခန့်အကွာ ပေ ၄ဝဝဝ ကျော်မြင့်သော တောင်တန်းတစ်ခုပေါ်တွင် တည်ရှိသည်။ ရာသီဥတုမျှတသော မြို့ဖြစ်သည်။ မြစ်ကြီးနားမှ တရုတ်နယ်စပ်ရှိ ကမ်ပိုင်တိတောင်ထိပ် သွားရာကားလမ်းအနီးတွင် တည်ရှိသည်။ ကားလမ်းခရီးဖြင့်သာ သွားလာနိုင်သည်။ ယခင်က ကချင်တောင်တန်းဒေသကို အုပ်ချုပ်သော နယ်ခြားဝန်ထောက် ရုံးစိုက်ရာ ဌာန ဖြစ်ခဲ့သည်။[3]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.