![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/ca/Supermoon_comparison.jpg/640px-Supermoon_comparison.jpg&w=640&q=50)
စူပါမွန်း
လကိုအရွယ်ကြီးစွာမြင်ရချိန် / From Wikipedia, the free encyclopedia
စူပါမွန်း (အင်္ဂလိပ်: Supermoon) ဆိုသည်မှာ လနှင့်ကမ္ဘာ အလွန်နီးကပ်လာပြီး၊ အနီးဆုံး လပြည့်ညကို ခေါ်ဆိုသည်။ စူပါမွန်း ဖြစ်နေချိန်မှာ လနှင့် ကမ္ဘာတို့၏ အကွာအဝေးသည် ၃၅၆,၅၇၇ ကီလိုမီတာ (၂၂၁,၅၆၆ မိုင်) အကွာမှာရှိနေခဲ့သည်။ ထို့ကြောင့် လကို ကမ္ဘာမှကြည့်လျှင် သာမန်လထက် အရွယ်အစား ၁၄% ထိပိုကြီးလာပြီး တောက်ပမှုမှာ ၃၀% ထိပိုလာနိုင်ကြောင်း နာဆာကဆိုသည်။ [1] လနှင့်ပတ်သက်သည့် ပင်လယ်ရေနှင့် ဒီရေအဖွဲ့အစည်းများက စူပါမွန်းဖြစ်စဉ်နှင့် မြေငလျင်ကြီးများ လှုပ်ရှားခြင်း၊ မီးတောင်ပေါက်ကွဲခြင်းများ ဖြစ်ပေါ်မှုတို့သည် ဆက်စပ်နေသည်ဟု ခန့်မှန်းပြောဆိုကြသော်လည်း[2]၊ ယင်းကိစ္စများနှင့်စပ်လျဉ်းသည့် ထင်ရှားသောအထောက်အထား မရှိပေ။[3]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/c/ca/Supermoon_comparison.jpg/320px-Supermoon_comparison.jpg)
စူပါမွန်းဆိုသော ဝေါဟာရကို နက္ခတ္တဗေဒပညာရှင် ရစ်ချတ်နိုးလ်လီ(Richard Nolle) က ၁၉၇၉-ခုနှစ်မှာ အမည်ပေးထားခဲ့ခြင်း ဖြစ်သည်။ မူရင်းအဓိပ္ပာယ်သတ်မှတ်ချက်က ပတ်လမ်းတစ်ခုဖြင့် ကမ္ဘာကို လှည့်ပတ်နေသည့်လသည် နေ၊ လ၊ ကမ္ဘာတို့ တစ်တန်းတည်း ကျသွားသည့် အချိန်မှာ လသည် ကမ္ဘာနှင့် အနီးကပ်ဆုံး အကွာအဝေးသို့ ရောက်ရှိနေစဉ် တွေ့မြင်ရသည့် အခြေအနေကို ခေါ်ဆိုခြင်းဖြစ်သည်။ အမှန်အားဖြင့် စူပါမွန်းဟူသော ဝေါဟာရမှာ ပညာရပ် အခေါ်အားဖြင့် perlgee syzygy ဟု ခေါ်ဆိုပြီး အဓိပ္ပာယ်မှာ နေ၊ လ၊ ကမ္ဘာတို့ တစ်တန်းတည်း ကျရောက်နေစဉ် လသည် ကမ္ဘာနှင့် အနီးဆုံး အကွာအဝေးသို့ ရောက်ရှိနေခြင်းကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်သည် လပြည့်(full moon) သို့မဟုတ် လဆန်း(new moon) ဖြစ်စဉ်တိုင်းတွင် ကြုံတွေ့နိုင်သည်။