စာအုပ်
ရေးသားခြင်းသို့မဟုတ်ပုံသွင်းခြင်းတို့ဖြင့်အချက်အလက်များစုစည်းသည့်ဝတ္ထု / From Wikipedia, the free encyclopedia
ပုံနှိပ်ပြီး စာအုပ်တစ်အုပ်၏ အံ့ဩဖွယ် ရှေးအခါက ပပိုင်းရပ် ကျူရွက်များ၊ သားရေပြားပေါ်တွင် စာရေးသားကာ၊ စာအုပ်ပြုလုပ်သည်မှစကာ ပုံနှိပ်စာအုပ် ဖြစ်ပေါ်ထုတ်ဝေသည်အထိ စာအုပ်သမိုင်းသည် စိတ်ဝင်စားဖွယ် ဖြစ်သည်။ ယခုခေတ်တွင် စာအုပ်အမျိုးမျိုး ပေါ်ပေါက်လျက်ရှိ၏။ ထိုကဲ့သို့ ပေါ်ပေါက်လာနိုင်ခြင်းမှာ စာအုပ်ဖက်ဆိုင်ရာ လုပ်ငန်းများကို တစ်ဆင့်ထက်တစ်ဆင့် ကောင်းမွန်သည်ထက် ကောင်းမွန်လာအောင် ပြုပြင်ပေးနိုင်သောကြောင့်ပင် ဖြစ်သည်။ ပုံနှိပ်စက်မပေါ်မီက စာအုပ်များ ရှိခဲ့သော်လည်း စာအုပ်အမြောက်အမြား ထုတ်ဝေနိုင်ခြင်းမှာ စာပုံနှိပ်စက်ပေါ်တွင် တည်သည်။ စာပုံနှိပ်စက်များကို ကောင်းမွန်လာအောင် ပြုပြင်ပေးနိုင်သောကြောင့် စာအုပ်ကောင်း မြောက်မြားစွာ ဖြစ်ပေါ်လာနိုင်သည်။ ရှေးပဝေဏီကဆိုလျှင် စာအုပ်များ မပေါ်သေးချေ။ ရှေးခေတ်လူများသည် ရွှံ့စေးပြား၊ သစ်ခေါက်၊ သားရေ၊ ပျဉ်ပြား စသော မပျက်စီးလွယ်သည့် ပစ္စည်းများပေါ်၌ စာအုပ်များကို ရေးသားကြသည်။ ကျောက်ပြားများပေါ်တွင် စာလုံးများကို ထွင်းကြသည်။ ဆင်စွယ်ပြား၊ ကြေးညိုပြား၊ ခဲပြားများပေါ်တွင် ပြည်သူ အများနှင့်ဆိုင်သော မှတ်တမ်းများကို ရေးခဲ့ကြသည်။ ယင်းတို့ကို နံဘေးတဖက်၌ တွဲထားလေ့ရှိရာ စာအုပ်ခပ်ဆင်ဆင် ဖြစ်လာ၏။