စပိုင်နိုဆောရက်စ် သည် လွန်ခဲ့သောနှစ်ပေါင်း ၉၉ မီလျံခန့်မှ ၉၃.၅ မီလျံခန့် အကြား ခရီတေးရှတ် နှောင်းပိုင်း ကာလ နှင့် ယခု မြောက်အာဖရိက ဖြစ်သော နေရာတွင် နေထိုင်ခဲ့သော စပိုင်နိုဆောရိတ် ဒိုင်နိုဆော မျိုးစု ဖြစ်သည်။

Thumb
အမျိုးသားပထဝီဝင်ပြတိုက် တွင် ပြန်လည်တည်ဆောက် ထားသော အရိုးစု။ ရေကူးနေသော ကိုယ်နေဟန်ထား။

ရှာဖွေတွေ့ရှိမှု နှင့် နာမည်ပေးခြင်း

မျိုးစိတ် အမည်ပေးခြင်း

စပိုင်နိုဆောရက်စ် မျိုးစိတ် နှစ်ခု သည် နာမည်ပေးပြီးပြီ ဖြစ်သည်။ ၎င်းတို့မှာ စပိုင်နိုဆောရက်စ် အေဂျစ်တီးကပ်စ် ("အီဂျစ် ကျောရိုး ပုတ်သင်" ဟုဆိုလိုခြင်း) နှင့် အငြင်းပွားဖွယ် ဖြစ်သော စပိုင်နိုဆောရက်စ် မာရော့ကန်နက်စ် ("မောရော့ကန် ကျောရိုး ပုတ်သင်" ဟုဆိုလိုခြင်း) တို့ ဖြစ်ကြသည်။[1][2]

ပထမဆုံးသော စပိုင်နိုဆောရက်စ် ရုပ်ကြွင်းများကို၂၀ ရာစု အစောပိုင်း မှာ ရှာဖွေတွေ့ရှိခဲ့ပြီး စတင်သရုပ်ဖော်နိုင်ခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် ရစ်ချာ့ မာ့ခ်ဂရက်ဖ် သည် ကြီမားသော သယ်ရိုပေါ့ ဒိုင်နိုဆော တစ်ကောင်၏ ရုပ်ကြွင်း တစ်စိတ်တစ်ပိုင်း ကို အီဂျစ်နိုင်ငံ အနောက်ဘက်ရှိ ဘဟယ်ရီယန် ဖွဲ့စည်းပုံ ၌ ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် ဂျာမန် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် အာနက်စ် စထရောင်းမား သည် ထိုနာမူနာ ကို မျိုးစုအသစ် တစ်ခု နှင့် မျိုးစိတ်အသစ် တစ်ခု တွင် စရင်းထည့်သွင်ပေးခဲ့သော ဆောင်းပါးတစ်ပုဒ် ကို ရေးသားထုတ်ဝေ ခဲ့၏။[3][1]

ရုပ်ကြွင်း နမူနာများ

စပိုင်နိုဆောရက်စ် ရုပ်ကြွင်း နမူနာ ခြောက်ခု ကို သရုပ်ဖော်ပြီးပြီ ဖြစ်သည်။

သွင်ပြင်လက္ခဏာအရ ခွဲခြားခြင်း

အောက်ပါဖော်ပြချက်သည် စပိုင်နိုဆောရက်စ်ခလတ်တိုဂရမ် ဖြစ်သည်။[4]

စပိုင်နိုဆောရိတ်

ဘယ်ရီယွန်းနက်စ်Thumb

ခရစ်စတက်တက်ဆောရက်စ်
Thumb
ဆူခိုမိုင်းမက်စ်
Thumb
အန်းဂတ်ထရားမား
Thumb
အော့ဇဲလ်လိုင်ယား
Thumb
စပိုင်နိုဆောရက်စ်
Thumb

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.