စပိတ်ဇာ အာကာသ တယ်လီစကုပ်
အာကာသပေါ်သို့ လွှင့်တင်ထားသော အနီအောက်ရောင်ခြည်သုံး နက္ခတာရာ အဝေးကြည့် မှန်ပြောင်း / From Wikipedia, the free encyclopedia
စပိတ်ဇာ အာကာသ တယ်လီစကုပ် သည် အနီအောက်ရောင်ခြည် အာကာသ တယ်လီစကုပ်ဖြစ်ပြီး နာဆာ၏ Great Observatories မှ စတုတ္ထအကြိမ်နှင့် နောက်ဆုံး အစီစဉ်ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် လွှတ်တင်ခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ အလုပ်လုပ်နေဆဲဖြစ်သည်။
စပိတ်ဇာ အာကာသတယ်လီစကုပ်အား အနုပညာရှင်မှ စိတ်ကူးပုံဖော်ထားပုံ | |||||||||
နာမည် | Space Infrared Telescope Facility | ||||||||
---|---|---|---|---|---|---|---|---|---|
မက်ရှင်အမျိုးအစား | အနီအောက်ရောင်ခြည် အာကာသ တယ်လီစကုပ် | ||||||||
အော်ပရေတာ | NASA / JPL / Caltech | ||||||||
COSPAR အိုင်ဒီ | 2003-038A | ||||||||
ဂြိုလ်တု ကတ်သလောက်နံပါတ် | 27871 | ||||||||
ဝဒ်ဆိုဒ် | http://www.spitzer.caltech.edu/ | ||||||||
မက်ရှင်ကြာမြင့်ချိန် | Planned: 2.5 to 5+ years[1] Primary mission: 5 years, 8 months, 19 days Elapsed: 20 years, 7 months | ||||||||
အာကာသယာဉ် ဂုဏ်သတ္တိများ | |||||||||
ထုတ်လုပ်သူ | Lockheed Ball Aerospace & Technologies | ||||||||
ပစ်လွှတ် ထုထည် | ၉၅၀ kg (၂,၀၉၄ lb)[1] | ||||||||
ခြောက်သွေ့ ထုထည် | ၈၈၄ kg (၁,၉၄၉ lb) | ||||||||
Payload ထုထည် | ၈၅၁.၅ kg (၁,၈၇၇ lb)[1] | ||||||||
မက်ရှင် စတင်ခြင်း | |||||||||
ပစ်လွှတ်နေ့ | 25 August 2003, 05:35:39 (2003-08-25UTC05:35:39) UTC[2] | ||||||||
ဒုံးပျံ | Delta II 7920H[3] | ||||||||
ပစ်လွှတ်နေရာ | Cape Canaveral SLC-17B | ||||||||
အလုပ်ဝင် | 18 December 2003 | ||||||||
ပတ်လမ်း ပါရာမီတာများ | |||||||||
ရည်ညွန်းစနစ် | Heliocentric[1] | ||||||||
အုပ်စု | Earth-trailing[1] | ||||||||
ပတ်လမ်း စက်ဝိုင်းကျမှု | 0.011[4] | ||||||||
Perihelion | 1.003 AU[4] | ||||||||
Apohelion | 1.026 AU[4] | ||||||||
နိမ့်ဆင်းမှု | 1.13°[4] | ||||||||
ကာလ | 373.2 days[4] | ||||||||
Epoch | 16 March 2017 00:00:00 | ||||||||
ပင်မ တယ်လီစကုပ် | |||||||||
အမျိုးအစား | Ritchey–Chrétien[5] | ||||||||
အချင်း | ၀.၈၅ m (၂.၈ ft)[1] | ||||||||
ဖိုကယ် အလျား | ၁၀.၂ m (၃၃ ft) | ||||||||
လှိုင်းအလျား | infrared, 3.6–160 µm[6] | ||||||||
| |||||||||
|
စီမံကိန်း ကာလမှာ ၂.၅ နှစ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ဟီလီယံ အရည် ကုန်ဆုံးသွားခဲ့သည်။[7] ဟီလီယံ အရည် မရှိပါက တယ်လီစကုပ်၏ ပစ္စည်းများကို အပူပေးရန် ပြဿနာရှိသောကြောင့် ယခုလက်ရှိတွင် Spitzer Warm Mission အဖြစ် ဆက်လက် လုပ်ဆောင်နေသည်။ [8] အခြား အာကာသ တယ်လီစကုပ်များသည် နာမည်ကြီး နက္ခတ္တပညာရှင်များ၏ အမည်များကို အသုံးပြုသော်လည်း စပိတ်ဇာအတွက် နာမည်ကို အများပြည်သူဆီမှ အကြံတောင်းဆိုခဲ့သည်။ သို့သော် နာဆာ၏ သမားရိုးကျနည်းလမ်းအတိုင်း နက္ခတ္တဗေဒပညာရှင် Lyman Spitzer အားအစွဲပြု၍ အမည်တပ်ခဲ့သည်။[9] ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၇၂၀ မီလီယံဖြစ်ပြီး[10] စပိတ်ဇာ အား ၂၀၀၃ ဩဂုတ်လ ၂၅ ရက်တွင် ကိတ်ကာနာဗရယ် လေတပ်စခန်းမှ လွှတ်တင်ခဲ့သည်။[2] ပင်မမှန်ပြောင်းသည် အချင်း ၈၅ စင်တီမီတာရှိပြီး ဘယ်ရီလီယံသတ္တုဖြင့် ပြုလုပ်ထားသည်။ ၂၀၀၅ ခုနှစ်တွင် စပိတ်ဇာသည် နေစကြဝဠာပြင်ပဂြိုဟ်များ၏ အလင်းကို တိုက်ရိုက်ဖမ်းယူသည့် ပထမဆုံး တယ်လီစကုပ် ဖြစ်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် စပိတ်ဇာသည် TRAPPIST-1 ကြယ်စနစ်ရှိ ဂြိုဟ် ၇ စင်းမှ ၅ စင်းကို ရှာဖွေပေးခဲ့ပြီး ယင်းတို့သည် ကမ္ဘာဂြိုဟ်အရွယ်အစား ဂြိုဟ်များဖြစ်ကြသည်။