စပါးတောင်သည် ထားဝယ်မြို့၏ အရှေ့တောင်ဘက်တွင်ရှိသည်။[1] စပါးတောင်ပေါ်တွင် ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်း အစရှိသည့် သာသနိက အဆောက်အအုံများရှိသည်။ စပါးတောင်တက်လမ်း၏ အရှည်မှာ နှစ်မိုင်ခန့်ရှိသည်။[2] စပါးတောင်ကို "အရှေ့ပုပ္ပါးတောင်"ဟုလည်း ခေါ်ကြသည်။[3] လောကသရဖူ လျောင်းတော်မူဘုရားကြီးသည် စပါးတောင်၏ အနောက်ဘက်တောင်ခြေတွင် တည်ရှိသည်။[4] အမြင့်ဆုံးအပိုင်းသည် ၂၈၀-မီတာကျော် မြင့်သည်။[1]
စပါးတောင် | |
---|---|
အမြင့်ဆုံးအမှတ် | |
အမြင့် | ၂၈၁[1] m (၉၂၂ ft) |
ပေါ်လွင်မှု | ၂၈၀[1] m (၉၂၀ ft) |
ကိုဩဒိနိတ် | 14.044037°N 98.241294°E |
အမည်ပေးခြင်း | |
ဘာသာပြန် | "Rice Hill"(or Sabar Mountain) |
ပထဝီဝင် | |
တည်နေရာ | မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် |
ဘူမိဗေဒ | |
တောင်အမျိုးအစား | တောင်ကုန်း (Hill) |
တောင်တက်လမ်း
စပါးတောင်တက်လမ်းသည် တောင်ပွားဘုန်းကြီးကျောင်းမှစပြီး၊ ရှင်တစ်ထောင်စေတီ၊ နတ်ရေကန်စေတီ၊ မောင်တော်ဘုရား၊ စကြာရှင်စေတီ၊ ဧရာဝဏ်ဆင်များရှင်စေတီတို့ကို ဖြတ်ကာ နောက်ဆုံး မြစိမ်းရောင်စေတီ သို့မဟုတ် စပါးတောင်ဘုရားသို့ ဆက်သွယ်ထားသည်။[1]
ကိုးကား
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.