စတိဗ် ဂျော့စ်
From Wikipedia, the free encyclopedia
၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဆန်ဖရန်စစ္စကို၌ တစ်ကိုယ်တည်းနေ မိခင်မှ မွေးဖွားခဲ့သော ဂျော့ဘ်စ်ကို ခုနစ်ရက်သားအရွယ်တွင် စုံတွဲတစ်တွဲက မွေးစားခဲ့ပြီး တစ်ချိန်တွင် စီလီကွန်တောင်ကြားဟု ထင်ရှားလာမည့် Cupertino နေရာတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ အထက်တန်းကျောင်းသား အရွယ်တွင် Palo Alto ရှိ William Hamlett ကို ဖုန်းဆက်ကာ ကျောင်းသင်ခန်းစာ ပရောဂျက်တစ်ခု အတွက် အစိတ်အပိုင်းများ လိုချင်ကြောင်း တောင်းဆိုခဲ့သူ ဖြစ်သည်။ ထို့နောက် HP ကုမ္ပဏီတွင် နွေရာသီ အလုပ်တစ်ခု ဝင်လုပ်ခဲ့ပြီး အင်ဂျင်နီယာ စတိဗ်ဝေါ့ဇနစ်နှင့် မိတ်ဆွေ ဖြစ်ခဲ့သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
စတိဗ် ဂျော့စ် | |
---|---|
၂၀၁၀ ခုနှစ် Worldwide Developers Conference တွင် Jobs နဲ့သူရဲ့ iPhone 4 အသစ် | |
မွေးဖွား | စတိဗ် ပေါလ် ဂျော့စ် ၂၄ ဖေဖော်ဝါရီ ၁၉၅၅ ဆန်ဖရန်စစ္စကိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
ကွယ်လွန် | အောက်တိုဘာ ၅၊ ၂၀၁၁(2011-10-05) (အသက် ၅၆) ပါလိုအယ်တိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
သေဆုံးရခြင်း အကြောင်းရင်း | Respiratory arrest caused by Metastatic Insulinoma |
ဌာနေ | ပါလိုအယ်တိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
မိခင်ကျောင်း | Reed ကောလိပ် (dropped out) |
အလုပ်အကိုင် | ပူးတွဲတည်ထောင်သူ၊ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် (Apple Inc.) ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် (Pixar) တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် (NeXT Inc.) |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၇၄-၂၀၁၁ |
ကြွယ်ဝမှု | အမေရိကန်ဒေါ်လာ ၈.၃ ဘီလီယံ (ဇူလိုင် ၂၀၁၀) |
ဘုတ်အဖွဲ့ဝင် | The Walt Disney Company[1] Apple Inc. |
အိမ်ထောင်ဖက်(များ) | Laurene Powell (၁၉၉၁ မှစ၍ သေဆုံးချိန် ၂၀၁၁ အထိ) |
လက်တွဲဖော်(များ) | Chrisann Brennan |
သားသမီး | Lisa Brennan-Jobs Reed Jobs Erin Jobs Eve Jobs |
ဆွေမျိုးသားချင်း | Mona Simpson (sister) |
လက်မှတ် | |
ဂျော့ဘ်စ်သည် အော်ရီဂွန်ရှိ ပို့လန်းမြို့၌ Reed ကောလိပ်သို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလတစ်ပိုင်း အပြီးတွင် ကောလိပ်မှ ထွက်ခဲ့ပြီး သင်တန်းများ ဆက်လက် တက်နေခဲ့သည်။ ထိုသင်တန်းများထဲတွင် လက်ရေးလက်သား အတတ် သင်တန်း ပါဝင်သည်။ ထိုအချက်ကနောင်တွင် Macintosh ကွန်ပျူတာများ၏ လှပတင့်တယ်မှု အပေါ် သက်ရောက်မှု ရှိခဲ့သည်။ ကျောပိုးအိတ်တစ်လုံးလွယ်ကာ အိန္ဒိယသို့ ခရီးလှည့်ခဲ့ဖူးသည်။ ဂျော့ဘ်စ်သည် ဗီဒီယိုဂိမ်းများ ရှေ့ဆောင်လုပ်ငန်း Atari တွင် ပညာရှင်တစ်ဦး အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ဂျော့ဘ်စ်၏မိသားစုအိမ်ဂိုဒေါင်တွင် Apple Computer ကို ၁၉၇၆ ခုနှစ်၌ စတင် တည်ထောင်ချိန်က ဂျော့ဘ်စ်က အသက် ၂၁ နှစ်၊ ဝေါ့ဇနစ်က အသက် ၂၆ နှစ် ဖြစ်သည်။
ဂျော့ဘ်စ်၏လက်အောက်တွင် ကုမ္ပဏီသည် ပထမဆုံးသော Apple ကွန်ပျူတာများနှင့် ၁၉၈၀ ပြည့်လွန် နှစ်များတွင် ကျော်ကြားခဲ့သည့် Macintosh ကွန်ပျူတာများကို မိတ်ဆက်ခဲ့သည်။ ထို့နောက် ဂျော့ဘ်စ်သည် ကျေးလက်အဆိုတော် ဂျုံးဗစ်နှင့် မေတ္တာမျှခဲ့ပြီး Palo Alto တွင် အခြေချခဲ့သည်။ ဂျော့ဘ်စ်သည် ၁၉၉၁ ခုနှစ်တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး၏ ရှေ့မှောက်တွင် လက်ထပ် အခမ်းအနားကို ကျင်းပခဲ့သည်။ ဂျော့ဘ်စ်တွင် ထိုဇနီးနှင့်အတူ သားသမီးသုံးဦး ရရှိခဲ့သည်။ ထို့ပြင် လက်မထပ်ခင် ချိန်းတွေ့ခဲ့သော အမျိုးသမီးတစ်ဦးနှင့် သမီးတစ်ယောက် ရခဲ့သည်။ ဂျော့ဘ်စ်သည် ၁၉၈၅ ခုနှစ်တွင် Apple မှ ထွက်ခွာလာခဲ့ပြီး စီးပွားရေးလုပ်ငန်းများအတွက် ခေတ်မီသည့် ကွန်ပျူတာကြီးများ အဓိက ထုတ်လုပ်သည့် NeXT ကွန်ပျူတာ ကုမ္ပဏီကို စတင် လုပ်ကိုင်ခဲ့သည်။ ဂျော့ဘ်စ်သည် လူးကပ်ရုပ်ရှင် ကွန်ပျူတာ ဂရပ်ဖစ်ပညာရှင် တစ်ဦးနှင့်အတူ Pixar ကို ၁၉၈၆ ခုနှစ်တွင် ပူးတွဲ တည်ထောင်ခဲ့သည်။
Apple သည် ၁၉၉၆ ခုနှစ်တွင် Next ကွန်ပျူတာကုမ္ပဏီကို ဒေါ်လာ ၄၂၉ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် ဂျော့ဘ်စ်နှင့် Apple ပြန်လည် ပေါင်းစည်းခဲ့သည်။ ဂျော့ဘ်စ်သည် ၂၀၀၄ ခုနှစ်တွင် ပန်ကရိယကင်ဆာ အတွက် ခွဲစိတ် ကုသခံခဲ့ရသည်။ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဆေးခွင့်ယူခဲ့ပြီးနောက် ဂျော့ဘ်စ်သည် ဇွန်လတွင် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။
Steven Paul Jobs (ဖေဖော်ဝါရီ ၂၄၊ ၁၉၅၅ - အောက်တိုဘာ ၅၊ ၂၀၁၁) ဟာ Apple ကို တွဲဖက်ထူထောင်ခဲ့သူဖြစ်ပြီး နဲ့ အမှုဆောင်အရာရှိချုပ် တာဝန်ကို Apple မှာ လုပ်ဆောင်ခဲ့ပါတယ်။ ထို့အပြင် Pixar ကိုလည်း Disney မပိုင်ဆိုင်ခင်ကတည်း အမှုဆောင်အရာရှိချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။[2] သူက Disney ရဲ့ ရှယ်ယာ အများဆုံးကို ပိုင်ဆိုင်သူ ဖြစ်ပြီး Disney ရဲ့ ဒါရိုက်တာဘုတ်မှာ အဖွဲ့ဝင်ဖြစ်ပါတယ်။ သူဟာ ကွန်ပြူတာ ဆိုင်ရာ နဲ့ ဖျော်ဖြေရေးဆိုင်ရာအပိုင်းတွေမှာ ဦးဆောင်နေတဲ့သူ တစ်ယောက်ပါ။ ၂၀၁၁ ခုနှစ်ဩဂုတ် ၂၄ ရက်တုန်းက ကျန်းမာရေး အခြေအနေကြောင့် ရာထူးက အနားယူခဲ့ ရပါတယ်။
၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၆ရက်နေ့တွင် ၎င်းတည်ထောင်ခဲ့သည့် နည်းပညာကုမ္ပဏီ Apple က ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း စတိဗ်ဂျော့စ် ကွယ်လွန်သွားပြီလို့ ကြေညာခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ဝင်တစ်ယောက် ဖြစ်တဲ့ စတိဗ်ဂျော့စ်ဟာ ကွယ်လွန်ချိန်မှာအသက် ၅၆ နှစ် ဖြစ်ပြီး ပန်ကရိယ ကင်ဆာ ဝေဒနာကို နာတာရှည် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ထက်မြက်မှု ၊ အလုပ်ကို မြတ်နိုးခုံမင်စွာ လုပ်ကိုင်တတ်မှုနဲ့ ကြိုးစားတဲ့ စွမ်းရည်တို့ဟာ တန်ဖိုး မဖြတ်နိုင်တဲ့ သူ့ရဲ့ တီထွင်ဖန်တီးနိုင်မှုတွေရဲ့ အခြေခံ ဖြစ်ပါတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်က Silicon Valley မှာ ရှိတဲ့ သူ့ ကုမ္ပဏီ ရုံးချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။[3] ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၅ ရက်က Apple ကုမ္ပဏီရဲ့အင်တာနက်စာမျက်နှာ ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် သူရဲ့ ဓာတ်ပုံကိုဖော်ပြထားပြီး အဲဒီ link ကိုနှိပ်ရာမှာ အောက်ပါအတိုင်း မြင်တွေ့နိုင်ပါတယ်။
"We are deeply saddened to announce that Steve Jobs passed away today. Steve's brilliance, passion and energy were the source of countless innovations that enrich and improve all of our lives. The world is immeasurably better because of Steve. His greatest love was for his wife, Laurene, and his family. Our hearts go out to them and to all who were touched by his extraordinary gifts"