စက်ဝိုင်း
စက္ဝိုင္း / From Wikipedia, the free encyclopedia
စက်ဝိုင်း (အင်္ဂလိပ်: circle) ဆိုသည်မှာ တိုင်းကြောင်း ၂ခု ရှိသော (2-dimensional) တာသေဝန်း (en:ball (mathematics)) ဖြစ်သဖြင့်၊ တာရင်းအမှတ်တခုကို အစပြုလျက် ထိုအမှတ်မှ အကွာအဝေး တူညီသော အမှတ်ပေါင်း မရေမတွက်နိုင်အောင်ဖြင့် ဆက်စပ်ဖွဲ့စည်းလိုက်သည့် ဂျီဩမေတြီဝတ္ထု ဖြစ်သည်။ ထိုအစပြုအမှတ်ကို ရစ်ဝိုင်းလျက် ပုံထွက်ပေါ်၍ ထိုအမှတ်ကို ဗဟိုဟု ခေါ်ပြီး တူညီလိုက်သော အကွာအဝေးကို အချင်းဝက်ဟု ခေါ်သည်။ သို့ဖြင့် စက်ဝိုင်းပေါ်ရှိမည်သည့် အမှတ်မဆို ၎င်းနှင့် ဗဟိုမှတ်ကြား အကွာအဝေးသည် အချင်းဝက်အဖြစ် တူညီနေမည်။
တိုင်းကြောင်း ၃ခု ရှိသော တာသေဝန်း (3-dimensional ball) မှာမူ စက်လုံးဖြစ်မည်။ တိုင်းကြောင်း ၁ခု ရှိသော တာသေဝန်း (1-dimensional ball) မှာမူ မျဉ်းပြတ် ဖြစ်မည်။