![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/1/15/Clock-pendulum.gif/640px-Clock-pendulum.gif&w=640&q=50)
စက္ကန့်
From Wikipedia, the free encyclopedia
စက္ကန့်သည် အပြည်ပြည်ဆိုင်ရာ ယူနစ် စနစ်(SI)တွင် အချိန်ကို တိုင်းတာသည့် အခြေခံ ယူနစ်ဖြစ်သည်။ တစ်မိနစ်တွင် စက္ကန့် ၆၀ ရှိပြီး တစ်နာရီတွင် မိနစ် ၆၀ ရှိသည်ဟု အရေအတွက် သတ်မှတ်ထားသည်။[1][2] SI စနစ်တွင် စက္ကန့်၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ "ကေစီယမ် ၁၃၃ အက်တမ်၏ မြေပြင်အနေအထားရှိ အဆင့်နှစ်ခုကြား ပြောင်းလဲနေမှုဖြင့် သတ်ဆိုင်သည့် ရောင်ခြည်ဖြာသည့် ကာလ ၉ ၁၉၂ ၆၃၁ ၇၇၀ ပမာဏ"ကို ခေါ်သည်။ စက္ကန့်များကို စက်မှု၊ လျှပ်စစ် (သို့မဟုတ်) အက်တမ်နာရီဖြင့် တိုင်းတာနိုင်သည်။ SI ရှေ့ဆက်များမှာ စက္ကန့်ဖြင့်ပေါင်းပြီး စက္ကန့်၏အစိတ်အပိုင်းများ အဖြစ် ဖော်ပြသည်။ ဥပမာ - မီလီစက္ကန့် ( တစ်စက္ကန့်၏တစ်ထောင်ပုံ တစ်ပုံ)၊ မိုက်ကရို စက္ကန့်( တစ်စက္ကန့်၏ တစ်သန်းပုံ တစ်ပုံ) နှင့် နာနို စက္ကန့် (တစ်စက္ကန့်၏ သန်းတစ်ထောင်ပုံ တစ်ပုံ)။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/1/15/Clock-pendulum.gif/320px-Clock-pendulum.gif)