ငှက်မနာခင်စာ
From Wikipedia, the free encyclopedia
ဌက်မနာခင်စာ၏ ရုက္ခဗေဒအမည်မှာ Anagallis arvensis ဖြစ်သည်။ ၎င်းသည် အပင်ငယ်တစ်မျိုးဖြစ်၏။ တတောင်ခန့် မြင့်၏။ အရွက်သည် မန်ကျည်းရွက် သဏ္ဌာန်ရှိသည်။ အရွက်တွင် အကြောများရှိ၏။ အဝါစက်များရှိ၏။ ညှာတံကားမရှိချေ၊ တန်ဆောင်မုန်း နတ်တော်လများ၌ ရတတ်၏။ တောင်ကုန်းများ၌ ပေါက်တတ်သည်။ အမြစ်သည် တွန့်လိမ်တတ်သည်။ သတိပြု၍ ဝါးကြည့်က ချို၊ ချဉ်၊ စပ်၊ ခါး လေးပါးသော အရသာရှိ၏။ အရသာမှာ ခါး၏။ စွမ်းရည်မှာ ထက်၏။ အစဉ်ကြေကျက်စေ၏။ ကိုက်ခဲ နာကျင်ခြင်းကို ပျောက်စေ၏။ အနာအား အသားနုတတ်စေ၏။ ရောင်ရမ်းခြင်းနှင့် အဆိပ်ကို နိုင်၏။ သို့သော် အနည်းငယ်သာ စားနိုင်၏။ အလွန်စားပါက အဆိပ်ဖြစ်၏။ မီးယပ် သွေးပုပ်ကျန်ခြင်းတို့ကို ၎င်းလေပူလေပုပ်တို့ကို လည်းကောင်း ထုတ်ပစ်တတ်သည်။ ဝက်ရူးပြန်ခြင်း၊ စိတ်နောက်၍ ထိုင်းမှိုင်းတွေဝေခြင်းတို့ကို ၎င်း၏ ပဉ္စငါးပါးကို ဝမ်းနှုတ်ဆေးအဖြစ်ဖြင့် ပေးသော် ထိုရောဂါပျောက်ကင်း၏။ ခွေးရူးကိုက်နာ၊ မြွေကိုက်နာ၊ သွားနာ သွားကိုက်၊ အဆစ်ရောင်ရောဂါများအတွက် အသုံးပြုနိုင်သည်ဟူ၏။[1]
Scarlet pimpernel | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Asterids |
မျိုးစဉ်: | Ericales |
မျိုးရင်း: | Primulaceae |
မျိုးစု: | Anagallis |
မျိုးစိတ်: | A. arvensis |
ဒွိနာမ | |
Anagallis arvensis | |
Synonyms | |
Lysimachia arvensis (L.) U.Manns & Anderb. |