![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/53/Cambodia_Emerald_Buddha_Vihara.jpg/640px-Cambodia_Emerald_Buddha_Vihara.jpg&w=640&q=50)
ငွေဘုရား၊ ဖနွမ်းပင်
From Wikipedia, the free encyclopedia
ငွေဘုရား(Khmer : វត្តប្រាក់)သည် ဖနွမ်းပင်မြို့၊ Chey Chumneas(ជ័យជម្នះ) တွင် တည်ရှိသည့် တော်ဝင်နန်းတော်တစ်ခု ဖြစ်သည်။ ၎င်းကို Wat Preah Keo Morakot "(វត្តព្រះកែវមរកត)မြကျောက်ဗုဒ္ဓကျောင်းတော်"ဟု သိကြသည်။ ဤကျောင်းတော်အမည်ကို ခမာဘာသာစကားဖြင့် အတိုချုံ့ခေါ်ပါက "Wat Preah Keo"(វត្តព្រះកែវ) ဟု များသောအားဖြင့် ခေါ်ကြသည်။[1]
Silver Pagoda Wat Ubaosoth Ratanaram (Wat Preah Keo Morokot) Temple of the Emerald Buddha | |
---|---|
វត្តឧបោសថរតនារាម (វត្តព្រះកែវមរកត) | |
![]() | |
အချက်အလက်များ | |
တည်နေရာ | Samdech Sothearos Blvd (3), Phnom Penh |
ကိုဩဒိနိတ် | 11°33′45″N 104°55′54″E |
ဘာသာရေး နှီးနွယ်မှု | Theravada Buddhism |
နိုင်ငံ | Cambodia |
ဗိသုကာ | |
တည်ထောင်သူ | King Norodom |
ပြီးစီး | 19th century |
ဝိဟာရများတွင် တည်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်များတွင် များစွာသော ရွှေများ၊ ကျောက်မျက်များ အပါအဝင်ဖြစ်သည့် နိုင်ငံ၏ များလှစွာသော ရတနာများ တည်ရှိနေကြသည်။ အထင်ရှားဆုံးတစ်ခုမှာ ကမ္ဘောဒီးယားနိုင်ငံတွင် တည်ရှိသည့် ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်ငယ် (ကမ္ဘောဒီးယားနိုင်ငံ၏ မြဘုရား) ဖြစ်သည်။ အချို့ရင်းမြစ်များတွင် ဤဘုရားကို ၁၇ ရာစုတွင် Baccarat ကျောက်ဖြင့် ပြုလုပ်ခဲ့သည်ဟု ဆိုကြသည်။) သို့သော်လည်း Baccarat ကျောက်သည် ၁၈ ရာစုမတိုင်မီအချိန်အထိ မရှိသေးသဖြင့် မဖြစ်နိုင်ပေ။ သို့သော်လည်း အချို့ရင်းမြစ်များတွင် ၁၉-၂၀ ရာစုတွင် နေထိုင်ခဲ့သည့် ကျောက်မျက်ဒီဇိုင်နာ Lalique က ၁၉ ရာစုတွင် ပြုလုပ်ခဲ့သည်ဟု ဆိုကြသည်။ ရုပ်ပွားတော်ကို ဘုရင် စိစိုဝတ်က ရွှေဖြင့် မေတ္တယျရုပ်ပွားတော်ကို ပြုလုပ်စေခဲ့သည်။ ၎င်းသည် အလေးချိန် ၉၀ ကီလိုဂရမ် လေးကာ စိန်ပေါင်း ၉၅၈၄ ခုဖြင့် ပြုလုပ်ထားသည်။ အကြီးဆုံးစိန်သည် ၂၅ ကာရတ်ရှိသည်။ ၎င်းကို နန်းတော်ရှိ အလုပ်ရုံများ၌ ၁၉၀၆ ခုနှစ်နှင့် ၁၉၀၇ ခုနှစ်အတွင်း ထုလုပ်ခဲ့သည်။ ကမ္ဘောဒီးယားပြည်တွင်းဖြစ်ပြီးနောက်တွင် မေတ္တယျဗုဒ္ဓရုပ်ပွားတော်၏ စိန် ၂၀၀၀ ခန့်သည် ပျောက်ဆုံးခဲ့သည်။ ဘုရင် Norodom Sihanouk(នរោត្តម សីហនុ)၏ Khmer Rouge(ខ្មែរក្រហម) ခေတ်ကကာလအစောပိုင်း တွင် ငွေဘုရားကို ငွေပြား ၅၃၂၉ ပြားကျော်ဖြင့် စီခြယ်ခဲ့ပြီး အပြင်ဘက်မျက်နှာစာတွင် အီတလီကျောက်များဖြင့် ပြန်လည်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ဘုရားသို့ ဝင်ရောက်သွားမည်ဆိုပါက လူအများအနေဖြင့် ငွေပြားများ၏ အနည်းသော ဧရိယာကိုသာ မြင်တွေ့နိုင်မည် ဖြစ်သည်။[2][3]
အဆောက်အဦ၏ ပတ်လည်နံရံများတွင် ၁၉၀၃ - ၁၉၀၄ ခုနှစ်တွင် ရေးဆွဲခဲ့သည့် Reamker(រាមកេរ្តិ)ပုံပြင်နံရံပန်းချီများကို ရေးဆွဲထားသည်။ ၎င်းပန်းချီရေးဆွဲမှုကို ငွေဘုရား၏ ဗိသုကာပညာရှင် Oknha Tep Nimit Mak(ឧកញ៉ា ទេព និមិត្តម៉ក់) က စီမံခန့်ခွဲခဲ့သည်။[4]
ဤကျောင်းတော်သည် ဖနွမ်းပင်ရှိ အထင်ကရ ကျောင်းတော်တစ်ခုဖြစ်သည်။ ၎င်းကျောင်းတော်နေရာကို နိုင်ငံ၏ တော်ဝင်အခမ်းအနားများတွင် အသုံးပြုသည်။