![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/24/Mr._Nguyen_Phu_Trong.jpg/640px-Mr._Nguyen_Phu_Trong.jpg&w=640&q=50)
ငုယင် ဖူထျောင်
ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ အထွေထွေဥက္ကဌ နှင့် နိုင်ငံတော် သမ္မတ / From Wikipedia, the free encyclopedia
ငုယင် ဖူထျောင် (၁၄ ဧပြီ ၁၉၄၄-၁၉ ဇူလိုင်၂၀၂၄) သည် ဗီယက်နမ်လူမျိုး နိုင်ငံရေးသမားဖြစ်သည်။ ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ သက်တမ်းရှည် အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သည်။[1] ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ဗီယက်နမ်သမ္မတအရာကို လည်းကောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် ဗီယက်နမ် နိုင်ငံခေါင်းဆောင်အဖြစ်လည်းကောင်း တင်မြှောက်ခံရသည်။
ငုယင် ဖူ ထျောင် | |
---|---|
![]() | |
အထွေထွေအတွင်းရေးမှူး (ဗီယက်နမ်ကွန်မြူနစ်ပါတီ) | |
တာဝန်သက်တမ်း ၁၉ ဇန်နဝါရီ ၂၀၁၁ – ၁၉ ဇူလိုင် ၂၀၂၄ | |
ယခင်လူ | Nông Đức Mạnh |
ဆက်ခံသူ | တိုလမ်း (Tô Lâm) |
၉ ဆက်မြောက် ဗီယက်နမ်သမ္မတ | |
တာဝန်သက်တမ်း ၂၃ အောက်တိုဘာ ၂၀၁၈ – ၅ ဧပြီ ၂၀၂၁ | |
ဝန်ကြီးချုပ် | Nguyễn Xuân Phúc |
ဒုတိယ သမ္မတ | Đặng Thị Ngọc Thịnh |
ယခင်လူ | Đặng Thị Ngọc Thịnh |
ဆက်ခံသူ | ငုယင်စွမ်းဖု |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1944-04-14)၁၄ ဧပြီ၊ ၁၉၄၄ ဟနွိုင်းမြို့၊ဗီယက်နမ်နိုင်ငံ။ |
ကွယ်လွန် | ၁၉ ဇူလိုင်၊ ၂၀၂၄(2024-07-19) (အသက် ၈၀) ဟနွိုင်းမြို့၊ဗီယက်နမ်နိုင်ငံ။ |
နိုင်ငံရေးပါတီ | ဗီယက်နမ်ကွန်မြူနစ်ပါတီ |
ကြင်ဖော်(များ) | ငိုသီမန် |
မိခင်ကျောင်း | ဗီယက်နမ် အမျိုးသားတက္ကသိုလ် လူထုအုပ်ချုပ်ရေး အမျိုးသားတက္ကသိုလ် သိပ္ပတက္ကသိုလ် (ဆိုဗီယက်) |
လူထုအစည်းအဝေး၏ ဥက္ကဋ္ဌအရာကို ၂၀၀၆ခုနှစ် မှ ၂၀၁၁ခုနှစ် ကာလတွင် ရပြီး ၂၀၁၁ ခုနှစ် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ၁၁ ကြိမ်မြောက် အမျိုးသားကွန်ဂရက်တွင် အထွေထွေအတွင်းရေးမှူးအဖြစ် အရွေးခံရသည်။ ၂၀၁၆ ခုနှစ်တွင် ကျင်းပသော ၁၂ ကြိမ်မြောက် အမျိုးသားကွန်ဂရက်၌လည်း ထပ်ရွေးခံရသည်။
အထွေထွေအတွင်းရေးမှူး ရာထူးဖြင့် ပါတီ၏ အတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ဘက်ကော်မရှင်၏ အတွင်းရေးမှူးတာဝန်ကို ယူရသည်။ နိုင်ငံနှင့်ဆိုင်သော အဆုံးအဖြတ်များကို ချမှတ်သည့် နိုင်ငံရေးဗြူရို၏ ခေါင်းဆောင်လည်းဖြစ်ရာ ဗီယက်နမ်တွင် အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်နေသည်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီက ထျောင်ကို နောက်သမ္မတအဖြစ် အရွေးခံမည်ဖြစ်ကြောင်း လူထုအစည်းအဝေး၌ စာရင်းသွင်းသည်။ ထိုလ ၂၃ ရက်တွင်ပင် ဗီယက်နမ်၏ ၉ ဆက်မြောက် သမ္မတအဖြစ် အရွေးခံရသည်။