From Wikipedia, the free encyclopedia
ငါးရံ့ပနော်သည် ငါးရံ့မျိုးစိတ်တစ်မျိုးဖြစ်ပြီး ဒေသအသီးသီးအလိုက် ငါးပနော်၊ ငါးရံ့သင်းအုံ၊ ငါးရံ့လုံး ဟူ၍လည်း ခေါ်ဆိုလေ့ရှိကြသည်။ ပါဏဗေဒအလိုအရ Channa punctata ဟု အမည်ရသည်။ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နှင့် တိဗက်တို့အပါအဝင် အိန္ဒိယကျွန်းဆွယ် အနီးအနားဒေသများတွင် တွေ့ရှိရသည်။[2] ၎င်း၏သဘာဝအလျောက် နေထိုင်ကျက်စားရာ နေရာများမှာ စိမ့်ကန်များ၊ ရေကန်များနှင့် စီးဆင်းနေသော ရေစနစ်များဖြစ်သည်။[2] ၎င်းသည် အစားအစာအရ တန်ဖိုးမြင့်မားသော ငါးမျိုးဖြစ်သော်လည်း အလှမွေးမြူမှုတွင်မူ တန်ဖိုးနည်းပါးသော ငါးမျိုးဖြစ်သည်။
ငါးရံ့ပနော် | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Actinopterygii |
မျိုးစဉ်: | Anabantiformes |
မျိုးရင်း: | Channidae |
မျိုးစု: | Channa |
မျိုးစိတ်: | C. punctata |
ဒွိနာမ | |
Channa punctata (Bloch, 1793) | |
Synonyms[2] | |
|
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.