From Wikipedia, the free encyclopedia
ဂွမ်းတက္ကသိုလ် သည် မြန်မာနိုင်ငံ မှ 2D animation ဟာသဇာတ်လမ်းတွဲ အတိုများဖြစ်သည်။ Joosk Character Design & Animation Studio မှ ၂၀၁၆ မတ်လတွင် Gwen University Facebook စာမျက်နှာမှတစ်ဆင့် စတင်ထုတ်လွှင့်ခဲ့သည်။ ၉၀ ခုနှစ်ဖွားများ ကြုံတွေ့ရသော မြန်မာနိုင်ငံပညာရေး စနစ်၏ အလွဲများကို ဟာသပုံစံ ဖန်တီးတင်ပြထားခြင်း ဖြစ်သည်။ short animation တစ်ခုစီ၏ ကြာမြင့်ချိန်မှာ ၃၀ စက္ကန့်မှ ၁ မိနစ်ခန့်ဖြစ်သည်။
တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ လေးယောက်ဖြစ်သော ဆိုးတေ၊ ချယ်ရီ၊ စိုင်းလမင်း နှင့် ဒွန်းကြည် တို့၏ ဘဝအကြောင်းဖြစ်သည်။
ရန်ကုန်မြို့ တွင် ဂွမ်း အမည်ရှိ တက္ကသိုလ် တစ်ခုရှိပြီး ဂွမ်းတက္ကသိုလ် ကို ရည်ရွယ်ချက် အမျိုးမျိုး၊ အကြောင်း အမျိုးမျိုးဖြင့် ကျောင်းသားတွေ နှစ်စဉ် ရောက်ရှိလာကြသည်။ တစ်ရက်တွင် ဂွမ်းတက္ကသိုလ်ကို ကျောင်းသား၊ ကျောင်းသူ လေးယောက် ရောက်ရှိလာခဲ့သည်။
ဘဝကို ပျော်ပျော်နှင့် ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သော ဆိုးတေ၊ ကိုယ်ပိုင် ဆန္ဒမပါဘဲ မိဘ၏ဖိအားပေး အုပ်ချုပ်မှုကြောင့် ဂွမ်းတက္ကသိုလ်ကို ရောက်လာရသော်လည်း သူ့ဆန္ဒ၊ သူ့ရည်မှန်းချက်တွေကို အရှုံးမပေး ဆက်ရပ်တည်ဖို့ ကြိုးစားနေသူ ချယ်ရီ၊ မိဘက ပြောတဲ့အတိုင်း တသွေမတိမ်း ကြီးပြင်းလာပြီး ဂွမ်းတက္ကသိုလ်ကို မိဘက ရွေးချယ်ပေးသဖြင့် ရောက်ရှိလာသူ စိုင်းလမင်း၊ အမြဲတမ်း တတ်ယောင်ကား ဆရာကြီး လုပ်တတ်သော ဒွန်းကြည် တို့ ရောက်ရှိလာခဲ့သည်။
သူတို့၏ နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသည့် အဖြစ်အပျက်များကို ဟာသဇာတ်လမ်းအသွင် ဖန်တီးထားခြင်း ဖြစ်သည်။
မြန်မာ Animation Industry တွင် ခြေလှမ်းသစ်တွေ ဆက်လှမ်း နိုင်ရန် ရည်ရွယ်ကာ Joosk အဖွဲ့မှ Animation အတိုလေးများကို စမ်းသပ် ဖန်တီးခဲ့ကြသည်။ ယခင် Animation Work များမှ ရလာသော အတွေ့အကြုံများကို သုံးသပ် သင်ခန်းစာယူပြီး၊ ခြေလှမ်းသစ်အနေဖြင့် Short Animation Series တစ်ခုဖြစ်လာအောင် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.