![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/3a/May_18th_Memorial_Monument.jpg/640px-May_18th_Memorial_Monument.jpg&w=640&q=50)
ဂွမ်ဂျူးအုံကြွမှု
From Wikipedia, the free encyclopedia
ဂွမ်ဂျူးအုံကြွမှု (ကိုရီးယား: 광주 민주화 항쟁; Hanja: 光州民主化抗爭) ၊ အမည်ကွဲ UNESCO မေ ၁၈ ဒီမိုကရေစီအုံကြွမှု နှင့် မေ ၁၈ ဂွမ်ဂျူး ဒီမိုကရေစီအသွင်ကူးပြောင်းရေးလှုပ်ရှားမှု (Korean: 5·18 광주 민주화 운동; Hanja: 五一八光州民主化運動) သည် တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ၁၉၈၀ မေ ၁၈ မှ ၂၇ အထိ ပေါ်ပေါက်ခဲ့သော နာမည်ကျော်အုံကြွမှု ဖြစ်သည်။ လူဦးရေ ၆၀၆ ဦးသေဆုံးခဲ့သည်ဟု ခန့်မှန်းကြသည်။ စစ်တပ်မှတာဝန်ယူထားသည့် (မာရှယ်လော) အစိုးရအဖွဲ့အား ဆန့်ကျင်သည့် ချုံနမ်တက္ကသိုလ်ကျောင်းသားများအား အစိုးရတပ်ဖွဲ့များက သေနတ်ဖြင့်ပစ်ခတ် ၊ မုဒိမ်းကျင့် ၊ ရိုက်နှက်ကြသည့်အခါ ဂွမ်ဂျူးမြို့သူမြို့သားတို့က (နယ်ခံ လက်နက်တိုက်များနှင့် ရဲစခန်းများအား လုယက်ခြင်းဖြင့်) လက်နက်များကိုင်ဆောင်ခဲ့ကြတော့သည်။ ၁၉၈၀ မေ ၂၇ တွင် အုံကြွမှုပြီးဆုံးသွားသည်။ ဤဖြစ်ရပ်ကို စတင်ဖြစ်ပွားသည့် ရက်ကို အစွဲပြု၍ တခါတရံ၌ ၅-၁၈ (မေ ၁၈; Korean: 오일팔; Hanja: 五一八; RR: Oilpal) ဟုလည်း ခေါ်သည်။
Gwangju Uprising | |
---|---|
![]() May 18th Minjung Memorial Tower | |
နေ့ရက် | ၁၈ မေ ၁၉၈၀ – ၁၂ မေ ၁၉၈၀ |
နေရာ | ဂွမ်ဂျူးမြို့၊ တောင်ကိုရီးယား |
အကြောင်းရင်းခံ |
|
ရည်မှန်းချက်များ | ဒီမိုကရေစီအသွင်ပြောင်းလဲရေး |
နည်းလမ်းများ | ဆန္ဒပြချီတက်ခြင်း၊ အာဏာဖီဆန်ခြင်း၊ ထို့နောက် လက်နက်စွဲကိုင်တော်လှန်ခြင်း |
ရလဒ် | ဒီမိုကရေစီကိုရရှိ၊ နှစ်ဖက်လုံးမှ အထိအခိုက်များရှိ |
ဂွမ်ဂျူးအုံကြွမှုအား ထောက်ခံမှု သို့မဟုတ် ငြင်းကွယ်မှုက ကွန်ဆာဗေးတစ်နှင့် လက်ျာအစွန်းရောက်အုပ်စုများ ၊ အတွေးအခေါ်များ ၊ လူထုအတွင်းမှ တိုးတက်သောအုပ်စုများနှင့် ပင်မအုပ်စုများအတွက် အဆုံးအဖြတ်ပေးသည့် စမ်းသပ်ပွဲ ဖြစ်သည်။ လက်ျာအစွန်းရောက်များက အုံကြွမှုကို အသရေဖျက်ရန်ကြိုးပမ်းကြသည်။ ချွန်ဒူးဟွမ် တရားဝင် အာဏာမယူမီ ဖြစ်ပွားခဲ့သည့်အတွက် ချွန်ဒူးဟွမ်အားဆန့်ကျင်သည့် သာမန်ကျောင်းသားဆန္ဒပြပွဲတခုက ထိုအရေးအခင်း စတင် ပေါ်ပေါက်စေခဲ့ခြင်း မဖြစ်နိုင်ဟု ငြင်းဆိုသည်အထိ ဖြစ်သည်။ ယခင် တောင်ကိုရီးယားအစိုးရထံမှ စစ်တပ်အာဏာသိမ်းမှုကို အောင်မြင်စွာဦးဆောင်ခဲ့ပြီးနောက် ၁၉၇၉ ဒီဇင်ဘာ ၁၂ တွင် အာဏာရလာသည်ဖြစ်ရာ ချွန်ဒူးဟွမ်မှာ ထိုအချိန်က ဦးဆောင်သူအစစ်အမှန် ဖြစ်နှင့်ခဲ့ပြီးဖြစ်သည်။
ကွန်မြူနစ်လိုလားသူများနှင့် သောင်းကျန်းသူများ၏ ဆန့်ကျင်ပုန်ကန်မှုအဖြစ် ချွန်ဒူးဟွမ် သမ္မတသက်တမ်းအတွင်း အာဏာပိုင်များက သတ်မှတ်ခဲ့ကြသည်။ ၁၉၉၇ ခုနှစ်ရောက်မှသာ ကျဆုံးခဲ့ရသူများအား "လျော်ကြေးပေး ၊ ဂုဏ်သရေ ပြန်လည်ရရှိရေး" လှုပ်ရှားမှုများနှင့်တကွ နိုင်ငံတော်သုဿန် နှင့် (မေ ၁၈ အား) အောက်မေ့သတိရသောနေ့ သတ်မှတ်ခဲ့သည်။
ဂွမ်ဂျူးမြို့တော်ခန်းမရှိ မေ ၁၈ စစ်တပ်အာဏာရှင်အား ဆန့်ကျင်သည့် ဒီမိုကရေစီအရေး အုံကြွမှုဆိုင်ရာ ၁၉၈၀ မော်ကွန်းဝင်မှတ်တမ်းများကို ၂၀၁၁ တွင် UNESCO ကမ္ဘာ့စာရင်းဝင်အမှတ်တရများ၌ ရေးထွင်းခဲ့သည်။