အမေရိကန်ဘက်စကက်ဘောကစားသမား From Wikipedia, the free encyclopedia
ဂျယ်ရမီ လင်း (Jeremy Lin, တရုတ် - 林書豪 လင်ဆူးဟောင်) သည် အမေရိကန် အမျိုးသား ဘတ်စကက်ဘော အစည်းအရုံး (National Basketball Association, NBA) တွင် နယူးယောက် နစ်ခ်စ် (New York Knicks) အသင်းမှ ပါဝင်ကစားသည့် ကြေးစား အားကစားသမား တစ်ဦးဖြစ်သည်။ ဂျယ်ရမီလင်းကို ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင် ဖွားမြင်ပြီး ပါလို အယ်တို (Palo Alto) တွင် ကြီးပျင်းသည်။ မိဘများမှာ ထိုင်ဝမ်မှ အမေရိကန်သို့ ပြောင်းရွှေ့သွားသူများ ဖြစ်သည်။ ဂျလမီလင်းသည် NBA တွင် ပထမဆုံးသော ထိုင်ဝမ်နွယ်ဖွား ကြေးစားကစားသမားဖြစ်သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း နစ်ခ်စ်အသင်း ဆက်တိုက် အနိုင်ရသည့် ၇ ပွဲ အနက် နောက် ၅ ပွဲ၌ ဂျယ်ရမီလင်း ဦးဆောင် အနိုင်ရခဲ့ပြီးနောက် အမေရိကန် ကြေးစား ဘတ်စကက်ဘော လောကတွင် ကျော်ကြားလာသည်။ ဤသို့ ကျော်ကြားလာမှုကို မီဒီယာများက Linsanity၊ Lincredible စသည်ဖြင့် ဝေါဟာရသစ်များ တီထွင်ကာ ဖော်ပြလာကြသည်။
ဂိုးဒင်းစတိတ် စစ်သည်များအသင်းနှင့် ထိပ်တိုက်တွေ့စဉ် နယူးယောက် နစ်ခ်စ်အသင်းမှ ပထမဆုံးအကြိမ် ပါဝင်ကစားသည့် ဂျယ်ရမီ လင်း | |
No. ၁၇ New York Knicks | |
Point Guard | |
ကိုယ်ရေး အချက်အလက် | |
---|---|
မွေးနေ့ | ၁၉၈၈ ဩဂုတ် ၂၃ |
မွေးရပ် | ကယ်လီဖိုးနီးယားပြည်နယ် |
နိုင်ငံသား | အမေရိကန် ပြည်ထောင်စု |
ချစ်စနိုးအမည် | |
အရပ် | ၆ ပေ ၃ လက်မ |
ကိုယ်အလေးချိန် | ၂၀၀ ပေါင် |
ကွယ်လွန်သည့်နေ့ | |
ကွယ်လွန်သည့်အရပ် | |
ကြေးစားသက်တမ်း မှတ်တမ်း | |
အထက်တန်း | ပါလို အယ်လို အထက်တန်းကျောင်း |
တက္ကသိုလ် | ဟားဗတ် တက္ကသိုလ်(ဘောဂဗေဒ)[1] |
NBA လူရွေးပွဲ | 2010ခုနှစ် |
ကြေးစားသက်တမ်း | ၂၀၁၀ ခုနှစ်-ယနေ့အထိ |
ပါဝင်ခဲ့သော အသင်းများ | |
Golden State Warriors(2010-2011) New York Knicks(2011-) | |
ရရှိသော ဆုတံဆိပ် | |
NBA အရှေ့တိုင်း တပတ်အတွင်း အကောင်းဆုံး ကစားသမား |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.