From Wikipedia, the free encyclopedia
ဂျပ်ဒ် ထရမ့် (အင်္ဂလိပ်: Judd Trump) (၁၉၈၉ ဩဂုတ် ၂၀ မွေးဖွား)[6] အင်္ဂလိပ်လူမျိုး အဆင့်မြင့် စနူကာကစားသမားဖြစ်၍ ကမ္ဘာ့အဆင့် (၁) ကစားသမားတစ်ဦးဖြစ်သည်။ ဆုအများဆုံးရရှိသူများစာရင်းတွင် မာ့ခ် ဆဲလ်ဘီနှင့်အတူ ဆုဖလား (၁၇)ခု ရရှိထားပြီး စာရင်း၏ သတ္တမနေရာတွင်ရှိသည်။[7]
၂၀၁၅ ကမ္ဘာ့ချန်ပီယံပွဲ၌ တွေ့ရစဉ် | |
မွေးဖွား | Whitchurch, Bristol, England | ၂၀ ဩဂုတ်၊ ၁၉၈၉
---|---|
ကိုယ်စားပြု နိုင်ငံ | အင်္ဂလန် |
အမည်ပြောင် | (The) Ace (in the Pack)[1][2][3] Juddernaut[4] |
သက်မွေးဝမ်းကျောင်း (အဆင့်မြင့်) | 2005– |
အမြင့်ဆုံး အဆင့် | အဆင့်(၁) (၂၀၁၂ နိုဝင်ဘာ–ဒီဇင်ဘာ၊ ၂၀၁၃ ဖေဖော်ဝါရီ–မတ်၊ ၂၀၁၉ ဩဂုတ်–လက်ရှိ) |
ကစားသမားဘဝ အောင်မြင်မှုများ | £ 5,493,554 |
အမြင့်ဆုံး တစ်ချီတည်းအမှတ်ယူနိုင်မှု | ၁၄၇ (၅ ကြိမ်)[5] |
အမှတ် (၁၀၀) (သို့) အထက် | ၈၀၉ |
Tournament wins | |
အဆင့်သတ်မှတ်ပွဲစဉ် နိုင်ပွဲ | ၂၂ |
Minor-ranking | ၄ |
အဆင့်မသတ်မှတ်ပွဲစဉ် နိုင်ပွဲ | ၆ |
ကမ္ဘာ့ချန်ပီယံ | ၂၀၁၉ |
ထရမ့်သည် ၂၀၀၅၌ အဆင့်မြင့်စနူကာကစားသမားအဖြစ် အသက် (၁၆)၊ ၂၀၀၅ တွင် ကူးပြောင်းခဲ့သည်။ ၂၀၁၁ တွင် အောင်မြင်ခဲ့ပြီး ၂၀၁၁-တရုတ်အလွတ်ပြိုင်ပွဲတွင် အနိုင်ရရှိပြီး ၂၀၁၁-ကမ္ဘာ့ချန်ပီယံ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည်။ ၎င်း၏ ပထမဆုံး သုံးထပ်ကွမ်းသရဖူမှ ယူကေချန်ပီယံကို ၂၀၁၁ ၌ မာ့ခ် အလန်ကို အနိုင်ယူပြီး ရရှိခဲ့သည်။
လုပ်နိုင်သည့်စွမ်းရည်ထက် လျော့ပါးလုပ်ဆောင်ခဲ့သည်ဟု အများက ထင်မြင်သော်လည်း ၂၀၁၇-၁၈ စနူကာရာသီအဆုံးတွင် ဆုတံဆိပ်ပေါင်း ရှစ်ခုကို ရရှိခဲ့သည်။[8] ၂၀၁၈-၁၉ရာသီအတွင်း ၎င်း၏ အဆင့်အတန်း၊ အာရုံစိုက်မှုများမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ထိုရာသီ၌ မြောက်အိုင်ယာလန်အလွတ်တန်းပြိုင်ပွဲ၊ ကမ္ဘာ့ဂရန်းပရစ်ခ်စ်ပွဲများအနိုင်ရသည့်အပြင် မာစတာပြိုင်ပွဲတွင် ရော်နီ အို ဆူလစ်ဗန်ကို နောက်ဆုံးပွဲ၌ အနိုင်ရရှိခဲ့သည်။ ၂၀၁၉-ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ အနိုင်ရရှိခဲ့သဖြင့် သုံးထပ်ကွမ်းသရဖူအပြည့်အစုံကို ရယူနိုင်ခဲ့သည်။ ကမ္ဘာ့ချန်ပီယံ ဗိုလ်လုပွဲ၌ ဂျွန် ဟစ်ဂင်စ်ကို အနိုင်ရခဲ့ကာ ထိုပွဲစဉ်သည် ကစားဖူးသမျှသော ဗိုလ်လုပွဲများတွင် အမြင့်ဆုံး အရည်အသွေးရှိသည်ဟု ဖော်ပြကြသည်။[9][10] တစ်ရာသီအတွင် ဆုကြေးငွေ £ ၁ သန်းကျော် ရရှိသော ပထမဆုံးကစားသမားဖြစ်လာခဲ့သည်။[11]
၂၀၁၉-၂၀ ရာသီတွင် ယခုထိ ထရမ့်သည် အဆင့်သတ်မှတ်ပြိုင်ပွဲ ခြောက်ပွဲအနိုင်ရရှိထားပြီးဖြစ်သည်။ ရာသီတစ်ခုအတွင်း အဆင့်တန်းသတ်မှတ်ပြိုင်ပွဲဆု အများဆုံး စံချိန်ဖြစ်၏။[12] တစ်ချီတည်း အမှတ်များစွာထိုးနိုင်သော ကစားသမားအဖြစ် 'ရာချီအမှတ်' (၇၀၀)ကျော်ရရှိထားသဖြင့် ထို(၇၀၀)အကြိမ်အရေအတွက်သို့ ရောက်ရှိသော သူများ၌ သတ္တမမြောက် ကစားသမားဖြစ်ပြီး အသက်အငယ်ဆုံး ကစားသမားလည်း ဖြစ်သည်။ [13]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.