ဂျပန်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ
From Wikipedia, the free encyclopedia
ဂျပန်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ(ဂျပန်: 日本語能力試験 နိဟွန်ငိုနိုးလျောခုရှိခဲင်)သည် မိခင်ဘာသာစကားအဖြစ် ဂျပန်ဘာသာကို အသုံးပြုမှု မရှိသူများအတွက် ဂျပန်ဘာသာစကားကျွမ်းကျင်မှုကို စစ်ဆေးသည့် စာမေးပွဲ ဖြစ်သည်။ စစ်ဆေးရာတွင် ပတ်သက်သည့် ဗဟုသုတ၊ ဖတ်နိုင်စွမ်းနှင့် နားထောင်မှုစွမ်းရည်တို့ကို ခြုံငုံကာ စစ်ဆေးသည်။ ဤစာမေးပွဲကို တစ်နှစ်လျှင် နှစ်ကြိမ် ဂျပန်နှင့် အခြားသော ရွေးချယ်သတ်မှတ်ထားသည့် နိုင်ငံများတွင် ကျင်းပကြသည်။ ကျင်းပသည့်ရက်မှာ ဇူလိုင်လနှင့် ဒီဇင်ဘာလတို့၏ ပထမဆုံး တနင်္ဂနွေနေ့တွင် ဖြစ်သည်။ အခြားသောဒေသများတွင်မူ တစ်နှစ်လျှင် တစ်ကြိမ် ဒီဇင်ဘာလ၏ ပထမဆုံး တနင်္ဂနွေနေ့တွင် ကျင်းပသည်။
အတိုကောက် | JLPT |
---|---|
အမျိုးအစား | Language proficiency test |
စတင်နှစ် | ၁၉၈၄ |
ဘာသာစကားများ | ဂျပန်ဘာသာစကား |
ဝဘ်ဆိုဒ် | jlpt.jp |
JLPT တွင် အဆင့်ငါးဆင့် ပါဝင်သည်။ ၂၀၀၉ ခုနှစ်မတိုင်ခင်အထိ စာမေးပွဲကို အဆင့်လေးဆင့်ဖြင့်သာ ကျင်းပခဲ့သည်။ လေးအဆင့်သည် အနိမ့်ဆုံး ဖြစ်သည်။ အဆင့်တစ်သည် အမြင့်ဆုံး ဖြစ်သည်။ JLPT ၏ အသိအမှတ်ပြု အောင်လက်မှတ်သည် သက်တမ်းကုန်ဆုံးခြင်း သို့မဟုတ် အချိန်ပေါ်မူတည်ကာ တရားမဝင်ဖြစ်ခြင်းတို့ မရှိပေ။