From Wikipedia, the free encyclopedia
ဂျက်ဝင်းဂျက်ဖနာ (ဂျက်ဝင်းယာ, Jetwing Yarl) သည် သီရိလင်္ကာနိုင်ငံမြောက်ပိုင်း၊ ဂျက်ဖနာမြို့တွင် တည်ရှိသည့် ဟိုတယ်တစ်ခု ဖြစ်သည်။ အထပ် ၇ ထပ်၊ စတားအဆင့်အခန်းပေါင်း ၅၅ ခန်းပါဝင်သည်။ မြို့၏ အချက်အချာနေရာဖြစ်သည့် မဟတ္တမဂန္ဒီလမ်းပေါ် (ယခင် - နာရီစင်တာဝါလမ်း)၊ ကာဂီးစကွဲ (Cargills Square) အနီးတွင် တည်ရှိသည်။[1][2][3] ယခင်က သီရိလင်္ကာဗဟိုဘဏ်၏ ဥက္ကဋ္ဌဖြစ်သူ N. U. Jayawardena ဝယ်ယူခဲ့သည့် မြေပေါ်တွင် ၁၉၇၅ ခုနှစ်တွင် ဟိုတယ်ကို တည်ဆောက်ခဲ့သည်။[4][5] မူလက အထပ် ၁၄ ထပ်၊ အခန်း ၇၆ ခန်း ရှိသည့် အဆောက်အဦအဖြစ် တည်ဆောက်ရန် ရည်ရွယ်ခဲ့သည်။ တည်ဆောက်မှုများကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့သည်။[6][7] Jetwing Hotels နှင့် MMBL Group (Mercantile Merchant Banking Limited) တို့ နှစ်ဦးသဘောတူ တည်ဆောက်ခဲ့ကြပြီး Yarl Hotels က ပိုင်ဆိုင်သည်။ ကုန်ကျစရိတ် ရူပီ ၁ ဘီလီယံရှိကာ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ဖွင့်လှစ်ခဲ့သည်။[8][9]
Jetwing Jaffna | |
---|---|
အခြားအမည်များ | Jetwing Yarl |
အထွေထွေ အချက်အလက်များ | |
လိပ်စာ | Mahatma Gandhi Road |
မြို့ | Jaffna |
နိုင်ငံ | Sri Lanka |
ကိုဩဒိနိတ် | 9°39′53.70″N 80°0′49.10″E |
တည်ဆောက်မှု စတင် | February 2012 |
ဖွင့်လှစ် | April 2016 |
ပိုင်ဆိုင်သူ | Yarl Hotels (Private) Limited |
အသေးစိတ် အချက်အလက်များ | |
အထပ် အရေအတွက် | 7 |
အခြား အချက်အလက်များ | |
အခန်း အရေအတွက် | 55 |
ဝဘ်ဆိုဒ် | |
jetwinghotels.com |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.