![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/41/Jet_Li_2009_%2528cropped%2529.jpg/640px-Jet_Li_2009_%2528cropped%2529.jpg&w=640&q=50)
ဂျက်လီ
From Wikipedia, the free encyclopedia
Li Lianjie (၁၉၆၃ ဧပြီ ၂၆ တွင်မွေးဖွားသည်)၊ သူ၏အနုပညာအမည် ဂျက်လီဟု လူသိများသည်။ ဘေဂျင်းတွင် မွေးဖွားသော တရုတ်ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ထုတ်လုပ်သူ၊ သိုင်းပညာရှင်နှင့် ဝူရှူးချန်ပီယံဟောင်းတစ်ဦး ဖြစ်သည်။ သူသည် စင်ကာပူနိုင်ငံသားပြုခွင့်ရသူတစ်ဦး ဖြစ်သည်။
ဂျက်လီ | |||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
![]() ၂၀၀၉ ခုနှစ်ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ဂျက်လီ | |||||||||||||||||||
ဇာတိ အမည် | 李连杰 | ||||||||||||||||||
မွေးဖွား | Li Lianjie (1963-04-26) ၂၆ ဧပြီ၊ ၁၉၆၃ (အသက် ၆၁) ဘေဂျင်း, တရုတ် | ||||||||||||||||||
နိုင်ငံသား | စင်ကာပူ (၂၀၀၉မှ) အမေရိကန် (၂၀၀၃-၂၀၀၉) တရုတ် (၂၀၀၃အထိ) | ||||||||||||||||||
အလုပ်အကိုင် |
| ||||||||||||||||||
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၈၂–လက်ရှိ | ||||||||||||||||||
အရပ် | ၁.၆၈ m (၅ ft ၆ in) | ||||||||||||||||||
အိမ်ထောင်ဖက်(များ) | Huang Qiuyan (လက်ထပ် 1987; ကွာရှင်း 1990) Nina Li Chi (လက်ထပ် ၁၉၉၉) | ||||||||||||||||||
သားသမီး | သမီး ၄ ဦး | ||||||||||||||||||
ရရှိသည့်ဆုများ | Full list | ||||||||||||||||||
ဝက်ဘ်ဆိုဒ် | jetli.com | ||||||||||||||||||
တရုတ်အမည် | |||||||||||||||||||
ရိုးရာ တရုတ် | 李連杰 | ||||||||||||||||||
ရိုးရှင်းသော တရုတ် | 李连杰 | ||||||||||||||||||
| |||||||||||||||||||
Li Yangzhong | |||||||||||||||||||
ရိုးရာ တရုတ် | 李陽中 | ||||||||||||||||||
ရိုးရှင်းသော တရုတ် | 李阳中 | ||||||||||||||||||
| |||||||||||||||||||
ထင်ရှားသော ဝူရှူးဆရာဝူဘင်ဖြင့် သုံးနှစ်လေ့ကျင့်ပြီးနောက် လီသည် ဘေဂျင်းဝူရှူးအဖွဲ့ အတွက် သူ၏ပထမဆုံးအမျိုးသားချန်ပီယံဆုကို ရရှိခဲ့သည်။ အသက် ၁၉ နှစ်အရွယ် ဝူရှူးကနေအနားယူပြီးနောက် တရုတ်နိုင်ငံမှာ Shaolin Temple (1982) ရုပ်ရှင်ဖြင့် သူ့ရဲ့ပထမဆုံးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ ချီးကျူးဂုဏ်ပြုခံခဲ့ရသည်။ အထူးသဖြင့် Zhang Yimou's Hero (၂၀၀၂)၊ Fist of Legend (၁၉၉၄) နှင့် ရိုးရာသူရဲကောင်း Wong Fei-hang ကိုပုံဖော်ခဲ့သည့် Once On a Time in China(၁၉၉၁-၁၉၉၃) ပထမရုပ်ရှင်ကားသုံးခုတွင် အဓိကသရုပ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ။
လီသည် တရုတ်မဟုတ်သည့်ရုပ်ရှင်တွင် ပထမဆုံးအခန်းကဏ္ဍ သည် Lethal Weapon 4 (၁၉၉၈) တွင် လူကြမ်းအဖြစ်နှင့် ဟောလိဝုဒ်ရုပ်ရှင်၌ ပထမဆုံး ဦးဆောင်မှုမှာ Romeo Must Die (၂၀၀၀) တွင် ဖြစ်သည်။ သူသည်ပြင်သစ်ရုပ်ရှင် Luc Besson မှထုတ်လုပ်သော Kiss of the Dragon (2001) နှင့် Unleashed (၂၀၀၅) အပါအဝင် အပြည်ပြည်ဆိုင်ရာအက်ရှင်ရုပ်ရှင်များတွင် ပါဝင်ခဲ့သည်။ သူသည် Jason Statham နှင့် တွဲဖက်၍ The One (၂၀၀၁) နှင့် War (၂၀၀၇) တွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။၊ The Forbidden Kingdom (၂၀၀၈) နှင့် ဂျက်ကီချန်း တို့နှင့်အတူ ပူးတွဲသရုပ်ဆောင်ခဲ့ပြီး Sylvester Stallone နှင့်အတူ The Expendables ရုပ်ရှင်ကားသုံးခုနှင့် The Mummy: Tomb of the Dragon Emperor (2008) ၏ လူကြမ်းမင်းသားအဖြစ် သရုပ်ဆောင်ခဲ့သည်။