ဂူဂဲလ်မျက်မှန်
From Wikipedia, the free encyclopedia
ဂူဂဲလ်မျက်မှန်ကို ဂူဂဲလ်ကုမ္ပဏီက တီထွင်ထုတ်လုပ်သည်။ ထိုမျက်မှန်ကို ဝတ်ဆင်နိုင်သောကွန်ပျူတာ (wearable computer) အမျိုးအစားအဖြစ် သတ်မှတ်သည်။ အသုံးပြုသူ၏ မြင်ကွင်းအတွက် အကြည်ရောင်ဖန်တုံးတစ်ခုကို အသုံးပြုသည်။ ထိုစနစ်ကို optical head-mounted display(OHMD)ဟု ခေါ်သည်။ ဂူဂဲလ်မျက်မှန်ဖြင့် ယနေ့ခေတ်အသုံးပြုနေသည့် စမတ်ဖုန်းများအတွင်းမှ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်နိုင်သည်။ စမတ်ဖုန်းကို လက်ဖြင့် ကိုင်တွယ်အသုံးပြုမည့်အစား ဂူဂဲလ်မျက်မှန်ကို အစားထိုး အသုံးပြုနိုင်မည်ဖြစ်သည်။[9] စမတ်ဖုန်းသည် ကွန်ပျူတာအသေးစားတစ်မျိုးဖြစ်သကဲ့သို့ ဂူဂဲလ်မျက်မှန်သည်လည်း ကွန်ပျူတာအသေးစားဖြစ်လာမည်ဖြစ်သည်။ ထိုမျက်မှန်ကို ဝတ်ဆင်ထားပြီး ဖုန်းပြောခြင်း၊ အင်တာနက် အသုံးပြုခြင်းနှင့် ဖေ့စ်ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်များကိုလည်း အသုံးပြုနိုင်၍ အသုံးပြုသူက ဂူဂဲလ်မျက်မှန်ကို အသံဖြင့်လည်း ခိုင်းစေနိုင်မည်ဖြစ်သည်။ မျက်မှန်တပ်ဆင်ရသူများနှင့် မျက်မှန်တပ်ဆင်ရန် မလိုအပ်သူများလည်း ဂူဂဲလ်မျက်မှန်ကို အသုံးပြုနိုင်သည်။ မျက်မှန်တပ်ရသူများသည် မိမိတို့၏ မူလ မျက်မှန်တွင် ပူးတွဲ၍တပ်ဆင်နိုင်သည်။ နေကာမျက်မှန်ကဲ့သို့ အလှတပ်ဆင်ရသည့် မျက်မှန်အမျိုးအစားများတွင်လည်း တပ်ဆင်နိုင်သည်။ ဂူဂဲလ်မျက်မှန်အတွက် ကမ္ဘာကျော်မျက်မှန်ကုမ္ပဏီများဖြစ်သည့် Luxottica, Ray -Ban, Oakley အစရှိသည့် လုပ်ငန်းများ နှင့်တွဲဖက်၍ မျက်မှန်ဒီဇိုင်းများကို ထုတ်လုပ်ရန်စီစဉ်ကြသည်။
![]() ဂူဂဲလ်မျက်မှန် လိုဂို | |
Google Glass Explorer Edition | |
အခြားအမည် | Project Glass |
---|---|
ဖန်တီးသူ | ဂူဂယ်လ် |
ထုတ်လုပ်သူ | Foxconn |
ပစ္စည်းအမျိုးအစား | Augmented reality (AR), Optical head-mounted display (OHMD), ဝတ်ဆင်နိုင်သောနည်းပညာ၊ ဝတ်ဆင်နိုင်သောကွန်ပျူတာ |
ဖြန့်ချီသည့်နေ့ | Developers (US): ဖေဖော်ဝါရီ ၂၀၁၃ (ဖေဖော်ဝါရီ ၂၀၁၃)[1] Consumers (US): currently unknown[2] |
စတင်ရောင်းချသည့်စျေးနှုန်း | Explorer version: $1,500 USD Consumer edition: "close to the average smartphone"[3] |
စက်မောင်းစနစ် | Glass OS[4] (Google Xe Software[5]) |
ပါဝါ | 570 mAh Internal lithium-ion battery |
စီပီယူ | OMAP 4430 System on a chip, dual-core processor[6] |
မှတ်ဉာဏ် | 2 GB RAM[7] |
သိုလှောင်နိုင်မှုစွမ်းအား | စုစုပေါင်း ၁၆ GB[6] (အသုံးပြုနိုင်သော မှတ်ဉာဏ် ၁၂GB)[8] |
ပြသပေးနိုင်မှု | Prism projector, 640×360 pixels (equivalent of a ၂၅ in/၆၄ cm screen from ၈ ft/၂.၄ m away[8]) |
အသံ | Bone conduction transducer[8] |
Input | မိုက်ခရိုဖုန်းမှ တဆင့် အသံဖြင့် စေခိုင်းခြင်း၊[8] accelerometer,[8] ဂျိုင်ရိုစကုပ်၊[8] magnetometer,[8] ambient light sensor, proximity sensor |
Controller input | Touchpad, MyGlass phone mobile app |
ကင်မရာ | 5 Megapixel photos 720p video[8] |
ဆက်သွယ်နိုင်မှု | Wi-Fi 802.11b/g,[8] Bluetooth,[8] micro USB |
အလေးချိန် | ၃၆ ဂရမ် (၁.၂၇ အောင်စ) |
နောက်ကြောင်းပြန် လိုက်လျောညီထွေဖြစ်မှု | Any Bluetooth-capable phone; MyGlass companion app requires Android 4.0.3 (Ice Cream Sandwich) or higher or any iOS 7.0 or higher[8] |
ဆက်စပ်အမျိုးအစားများ | Oculus Rift |
ဝက်ဘ်ဆိုဒ် | google.com/glass |
၂ဝ၁၄ ခုနှစ်၊ မေ ၁၅ ရက်က ဂူဂဲလ်မျက်မှန်ကို အမေရိကတွင် တရားဝင် မိတ်ဆက်ဖြန့်ချိခဲ့သည်။[10] တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၅ဝဝ ဖြစ်သည်။ ဂူဂဲလ်အန့်ဒရိုက် (Android)၊ အိုင်အိုအက်စ် (iOS) တို့ဖြင့်လည်း ဂူဂဲလ်မျက်မှန်ကို တွဲဖက်အသုံးပြုနိုင်မည်ဖြစ်သည်။ ဂူဂဲလ်မှထုတ်သော ဂျီမေးလ်အပါအဝင် အခြားသော အက်ပ်(app)များကိုလည်း ဂူဂဲလ်မျက်မှန်တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး အိုင်အိုအက်စ် အတွက် အက်ပ်ကို My Glass ဟု အမည်ပေးထားကြသည်။