![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/f2/Jute_Drying_Roadside.jpg/640px-Jute_Drying_Roadside.jpg&w=640&q=50)
ဂုန်လျှော်ပင်
From Wikipedia, the free encyclopedia
ဝါဂွမ်းမှတပါး အရေးပါသော လျှော်ပင်တစ်မျိုးဖြစ်သည်။ အပူပိုင်းဒေသများတွင် ဂုန်နီ သို့မဟုတ် ဂုန်လျှော်ဟုခေါ်သော လျှော်ပင်များ တစ်နှစ်တစ်ကြိမ် ပေါက်လေ့ရှိသည်။ မျိုးယူစိုက်ပျိုး၍ လျှော်ပင်များကို ခုတ်ဖြတ်ယူပြီးနောက် တစ်နှစ်တစ်ကြိမ် ပြန်၍စိုက်ပျိုးရသည်။ အမြင့် ၁၀-ပေအထိရှည်၍ အကိုင်းအခက်မထွက်ဘဲ ရှည်၍ နူးညံ့တောက်ပသော ဂုန်လျှော်ရရှိစေသည်။ အပင်ကို ခုတ်ဖြတ်ရေစိမ်ကာ လျှော်ကိုခွာယူရသည်။ လုပ်ငန်းကျွမ်းကျင် တိုင်းဆတတ်ခြင်းဖြင့် လျှော်အရောင်အဆင်းနှင့် အမျိုးအစားကောင်းမွန်သည်။ ဂုန်လျှော်ဖြင့် ဆန်အိတ်ခွံများ၊ ကြိုးများ၊ အခင်းများ၊ ဆေးဆိုးဂုန်လျှော်ထည်များ၊ လက်ဆွဲအိတ်များ၊ ကော်ဇော၊ လင်နိုလီယံအခင်းများ၊ စက္ကူညို စသည်များ ထုတ်လုပ်ကြသည်။ ပါကစ္စတန်နိုင်ငံမှ အများအပြားထုတ်၍ မြန်မာနိုင်ငံ၌လည်း စိုက်ပျိုးသည်။[1]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/f/f2/Jute_Drying_Roadside.jpg/640px-Jute_Drying_Roadside.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/2/2a/Jute_Rope_%28%E0%AE%9A%E0%AE%A3%E0%AE%B2%E0%AF%8D_%E0%AE%95%E0%AE%AF%E0%AE%BF%E0%AE%B1%E0%AF%81%29.jpg/640px-Jute_Rope_%28%E0%AE%9A%E0%AE%A3%E0%AE%B2%E0%AF%8D_%E0%AE%95%E0%AE%AF%E0%AE%BF%E0%AE%B1%E0%AF%81%29.jpg)