ဂိုဘီသဲကန္တာရ (/ˈɡ.bi/)သည် အာရှတိုက်တွင် တည်ရှိသော ကြီးမားသည့် သဲကန္တာရ (သို့) ဆူးချုံနွယ်ထူသော ဒေသတစ်ခုဖြစ်သည်။[1] မန်ဒရင်းတရုတ်ဘာသာဖြင့် ဂိုဘီ (戈壁)မှာ ချုံနွယ်ထူဒေသဟု အဓိပ္ပာယ်ရသည်။ ၎င်းသည် မြောက်ပိုင်း နှင့် တရုတ် အရှေ့မြောက်ပိုင်းဒေသ အချို့နှင့် မွန်ဂိုလီးယားတောင်ပိုင်းဒေသတို့ကို ဖုံးလွှမ်းထားသော ကြီးမားကျယ်ပြန့်သော ကန္တာရဖြစ်သည်။ ဂိုဘီ၏ ကန္တာရချိုင့်ဝှမ်းလွင်ပြင်အား မြောက်ဘက်တွင် မွန်ဂိုလီးယား ကုန်းမြင့်လွင်ပြင်နှင့် မြက်ခင်းပြင်များ၊ အယ်လ်တိုင်း တောင်များ၊ အနောက်ဘက်တွင် တာကလာမာကန် ကန္တရ၊ အနောက်တောင်ဘက်တွင် ဟက်ဆီကုန်းတန်းနှင့် တိဘက် ကုန်းမြင့်၊ အရှေ့တောင်ဘက်တွင် အနောက်တရုတ်လွင်ပြင်တို့က ဝန်းရံထားသည်။ ဂိုဘီ သဲကန္တာရသည် မွန်ဂို အင်ပါယာကြီး၏ တစ်စိတ်တစ်ပိုင်းနှင့် ပိုးလမ်းမတလျောက်ရှိ အရေးပါသော မြို့များ တည်ရှိသဖြင့် သမိုင်းတွင် ထင်ရှားသည်။ တရုတ်နိုင်ငံမြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းအစိတ်အပိုင်းများကိုဖုံးလွှမ်းထားပြီး တောင်ပိုင်းမွန်ဂိုလီးယားအထိ ကြီးမားကျယ်ပြန့်သော ကန္တာရဖြစ်သည်။

အချက်တိုများ နိုင်ငံများ, Mongolian Aimags ...
ဂိုဘီသဲကန္တာရ
မွန်ဂိုးလီးယား: Говь,
戈壁 (沙漠),
Gēbì (shāmò)
သဲကန္တာရ (ကန္တာရ)
Thumb
Gobi Desert landscape in Ömnögovi Province, Mongolia
နိုင်ငံများ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်, မွန်ဂိုးလီးယားနိုင်ငံ မွန်ဂို
Mongolian Aimags Bayankhongor, Dornogovi, Dundgovi, Govi-Altai, Govisümber, Ömnögovi, Sükhbaatar
တရုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွန်ဂိုနိုင်ငံအတွင်းပိုင်း
မှတ်တိုင် Nemegt Basin
အရှည် ၁,၅၀၀ km (၉၃၂ mi), SE/NW
အကျယ် ၈၀၀ km (၄၉၇ mi), N/S
ဧရိယာ ၁,၂၉၅,၀၀၀ km2 (၅၀၀,၀၀၂ sq mi)
Thumb
ဂိုဘီကန္တာရသည် တရုတ်နိုင်ငံ နှင့် မွန်ဂိုနိုင်ငံကြားတွင် တည်ရှိသည်။
ပိတ်ရန်

ဂိုဘီသဲကန္တာရသည် မြောက်ဘက်တွင် မွန်ဂိုလီးယားမြက်တောများနှင့် မြေညီ၍ သစ်တောမရှိသော မြက်ခင်းပြင်၊ အနောက်ဘက်တွင် Taklamakan ကန္တာရ၊ Hexi စင်္ကြလမ်း၊ အနောက်တောင်တွင် တိဗက်ကုန်းပြင်မြင့်၊ အရှေ့တောင်ဘက်တွင် တရုတ်မြောက်ပိုင်းလွင်ပြင်တို့ဖြစ် ဝန်းရံထားသည်။ ဂိုဘီသဲကန္တာရသည် မွန်ဂိုအင်ပါယာနှင့် ပိုးလမ်းမကြီးရှိ များစွာသောအရေးပါသောမြို့များကြောင့် သမိုင်းတွင်ထင်ရှားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာမှ ဂိုဘီသဲကန္တာရအထိ တိဘက်ကုန်းပြင်မြင့်မှမိုးရိပ်ပုံစံရာသီဥတုမျိုးရရှိသည်။ ဂိုဘီ သဲကန္တာရသည် တိဘက် ကုန်းမြင့် အိန္ဒိယ သမုဒ္ဓရာမှ ရေခိုးရေငွေ့များ ဂိုဘီ ဒေသသို့ မရောက်ရှိအောင် ကာဆီးထားသဖြင့် ဖြစ်ပေါ်လာရသော မိုးခေါင် ကန္တာရတစ်ခုဖြစ်သည်။

မှတ်စုများ

ကိုးကား

နောက်ထပ်ဖတ်ရန်

ပြင်ပလင့်များ

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.