From Wikipedia, the free encyclopedia
ဂါယာလေဆိပ် (ဗုဒ္ဓဂါယာလေဆိပ်ဟုလည်း သိကြ) သည် အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဂါယာတွင် တည်ရှိသည့် အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခု ဖြစ်သည်။ လေဆိပ်သည် ဂါယာ၏ အနောက်တောက်ဘက် ၁၂ ကီလိုမီတာအကွာ၊ ဂေါတမဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည့် ဗုဒ္ဓဂါယာကျောင်းတော်ရာမြို့၏ ၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။ လေဆိပ်သည် ဂျပန်၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ ဘူတန်၊ မြန်မာ၊ ထိုင်းတို့မှ ဘုရားဖူးလေယာဉ်များနှင့် ကမ္ဘာတစ်ဝန်းရှိ ဘုရားဖူးလာရောက်ကြသည့် လေယာဉ်များအား လက်ခံဆောင်ရွက်လျက်ရှိသည့် လေဆိပ်တစ်ခု ဖြစ်သည်။
ဂါယာလေဆိပ် ဗုဒ္ဓဂါယာလေဆိပ် | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
အချက်အလက်များ | |||||||||||
အမျိုးအစား | Public | ||||||||||
စီမံကွပ်ကဲသူ | Airports Authority of India | ||||||||||
ဝန်ဆောင်မှု ဧရိယာ | Gaya | ||||||||||
တည်နေရာ | Gaya, India | ||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၁၁၆ မီတာ / ၃၈၀ ပေ | ||||||||||
ကိုဩဒိနိတ် | 24°44′40″N 084°57′04″E | ||||||||||
ဝက်ဘ်ဆိုဒ် | Gaya Airport | ||||||||||
မြေပုံ | |||||||||||
ပြေးလမ်း | |||||||||||
| |||||||||||
ကိန်းဂဏန်း အချက်အလက်များ (2019) | |||||||||||
| |||||||||||
လေဆိပ်၏ ပြေးလမ်းကို တိုးချဲ့ရန်အတွက် ရွာလေးရွာမှ မြေဧက ၁၀၀ ကို သိမ်းယူခဲ့ပြီးနောက်တွင် နောက်ထပ်တစ်ဖန် ဧက ၁၀၀ ကို သိမ်းယူခဲ့ပြန်သေးသည်။ အိန္ဒိယလေဆိပ်အာဏာပိုင် (AAI) သည် လေဆိပ်အား ကာလကတ္တားလေဆိပ်အတွက် အရေးပေါ်အသုံးပြုရန်လေဆိပ်အဖြစ်သို့ တိုးမြှင့်ခဲ့သည်။[3] ဆောက်လုပ်ရေးဝန်ကြီး K C Venugopal ကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ Rajya Sabha တွင် အိန္ဒိယလေဆိပ်အာဏာပိုင် (AAI) က ဗီဟာပြည်နယ်အစိုးရအား လေဆိပ်တိုးချဲ့ရန်အတွက် နောက်ထပ် ဧက ၂၀၀ ဝန်းကျင်ကို ရယူမည်ဖြစ်ကြောင်း မေတ္တာရပ်ခံခဲ့သည်ကို အသိပေးခဲ့သည်။
ဂါယာလေဆိပ်သည် မြေဧက ၉၅၄ ဧကပေါ်တွင် တည်ရှိသည်။ မြေဧက ၁၀၀ သည် သိမ်းယူထားသည်ဖြစ်ပြီး အခြားဧက ၁၀၀ သည်လည်း ရွာလေးရွာမှ မြေများဖြစ်ကာ လေယာဉ်ပြေးလမ်းတိုးချဲ့ရန်အတွက် ဖြစ်သည်။ လေဆိပ်အဆောက်အဦသည် ၇၅၀၀ စတုရန်းကီလိုမီတာရှိပြီး ခရီးသည် အဝင် ၂၅၀ ဦး၊ အထွက် ၂၅၀ ဦးကို ဝန်ဆောင်မှုပေးနိုင်သည်။ ဤလေဆိပ်သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသည် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား စသည့်နိင်ငံများမှ ဗုဒ္ဓဘာသာဘုရားဖူးခရီးသည်များသည် လေဆိပ်မှတစ်ဆင့် ဘုရားဖူးလာရောက်ကြသည်။[4]
လေကြောင်းလိုင်းများ | ပျံသန်းရာနေရာ |
---|---|
Air India | Delhi, Kolkata, Varanasi Seasonal: Yangon |
Bhutan Airlines | Seasonal: Bangkok–Suvarnabhumi, Paro |
Druk Air | Seasonal: Bangkok–Suvarnabhumi, Paro |
IndiGo | Kolkata, Varanasi[5] |
Myanmar Airways International | Seasonal: Mandalay, Yangon |
Myanmar National Airlines | Seasonal: Yangon |
Thai AirAsia | Seasonal: Bangkok–Don Mueang |
Thai Smile | Seasonal: Bangkok–Suvarnabhumi |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.