![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/5e/Gaberoun-lake.jpg/640px-Gaberoun-lake.jpg&w=640&q=50)
ဂါဘီရွန်း
From Wikipedia, the free encyclopedia
ဂါဘီရွန်း သည် လစ်ဗျားဆာဟာကသဲကန္တာရ၏ Idehan Ubari ကန္တရာဒေသတွင် တည်ရှိသည့် ကြီးမားသည့် အိုအေစစ်ရေကန်တစ်ခု ဖြစ်သည်။ လစ်ဗျားနိုင်ငံ အနောက်တောင်ပိုင်းဒေသ၏ ဖက်ဇန်ဒေသ၊ ဆာဘာခရိုင်နှင့် Wadi al Hayaa ခရိုင်တို့တွင် တည်ရှိသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/5/5e/Gaberoun-lake.jpg/640px-Gaberoun-lake.jpg)
ကန်၏ အရှေ့မြောက်ဘက်ကမ်းခြေတွင် ခရီးသွားများအတွက် ကမ့်နေရာတစ်ခုတည်ရှိသည်။ ၎င်းနေရာတွင် လသာဆောင်များ၊ အိပ်စက်အနားယူသည့်တဲများ၊ လက်ဆောင်ပစ္စည်းဆိုင်များ ရှိသည်။ ကန်၏ ရေသည် ဆားအတော်ပါဝင်လျက်ရှိသည်။ ခြင်များလည်း များစွာ ရှိပြီး အထူးသဖြင့် နွေရာသီတွင်ဖြစ်သည်။ အောက်တိုဘာလမှ မေလသည် သွားရောက်လည်ပတ်ရန် အကောင်းဆုံး ရာသီဥတု ဖြစ်သည်။