![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/e/e0/Grenfell_Tower_fire_%2528wider_view%2529.jpg/640px-Grenfell_Tower_fire_%2528wider_view%2529.jpg&w=640&q=50)
ဂရင်းဖဲတာဝါ မီးလောင်မှု
၂၀၁၇ လန်ဒန်အနောက်ပိုင်း မီးဘေး / From Wikipedia, the free encyclopedia
ဂရင်းဖဲတာဝါမီးလောင်မှုသည် အင်္ဂလန်၊ လန်ဒန်မြို့အနောက်ပိုင်း၊ မြောက်ကင်ဆင်းတန် ရပ်ကွက် ရှိ ၆၇ မီတာ (၂၂၀ ပေ) မြင့်သော ၂၄ ထပ်တိုက် အိမ်ရာတစ်လုံးတွင် ၁၄ ဇွန် ၂၀၁၇ ၌ ဖြစ်ပွားသည်။ မြို့ပြရဲတပ်ဖွဲ့က လူ ၃၀ သေဆုံးကြောင်း အတည်ပြုပြီး၊ ၂၈ ဦး ပျောက်ဆုံး သို့မဟုတ် သေဆုံးပြီဟု ယူဆကြောင်း၊ ၁၉ ဇွန် ၂၀၁၇ အထိ မျှော်လင့်သမျှတွင် အဆိုပါ ကိန်းဂဏန်းများ မြှင့်တက်လာနိုင်ဖွယ် ရှိသည်ဟု သတိပေးထားသည်။[1]
![]() မီးလောင်နေသော Grenfell Tower (၁၄ ဇွန် ၂၀၁၇ 04:43 BST အချိန်တွင် ရိုက်ကူးထားသည်) | |
အချိန် | 00:54 BST (အရေးပေါ်ဝန်ဆောင်မှုများသို့ ပထမဆုံး ခေါ်ဆိုမှု လက်ခံရရှိချိန်) |
---|---|
ကြာမြင့်ချိန် | ခန့်မှန်း ၂၄ နာရီကြာ |
နေ့ရက် | ၁၄ ဇွန် ၂၀၁၇ (၂၀၁၇-၀၆-၁၄) |
တည်နေရာ | Grenfell Tower, မြောက်ကင်ဆင်းတန် ရပ်ကွက်၊ လန်ဒန်မြို့၊ အင်္ဂလန်၊ ယူနိုက်တက် ကင်းဒမ်း |
ကိုဩဒိနိတ် | 51.5140°N 0.2158°W / 51.5140; -0.2158 TQ 238 808 |
အမျိုးအစား | အဆောက်အအုံ မီးလောင်ကျွမ်းမှု |
အကြောင်းရင်း | စုံစမ်း စစ်ဆေးနေဆဲ |
သေဆုံးသူ | ၇၉ (ယူဆ) |
ဒဏ်ရာရသူ | ၇၄ |
အရေးပေါ်ဌာနသည် မီးလောင်မှု ပထမ သတင်းပေးချက်ကို ဒေသစံတော်ချိန် ၀၀:၅၄ ၌ ရရှိပြီး၊ မီးသည် ၂၄ နာရီခန့် လောင်ကျွမ်းခဲ့သည်။[2] အစဦးတွင် မီးသတ်ကား ၄၅ စီးနှင့် မီးသတ်သမား ရာကျော်သည် မီးလောင်မှုကို ထိန်းချုပ်ရန် ကြိုးစားပြီး၊ အဆောက်အဦ၏ ကျန်အပိုင်းများ ပျက်စီးသွားပြီးနောက် ပိုမြင့်သော အလွှာရှိ မီးထွက်ပေါက်များကို ထိန်းချုပ်ရန် ဆက်လက် ကြိုးပမ်းသည်။ အဆောက်အဦ ပြိုကျမည် စိုး၍ အနီးအနားရှိ နေထိုင်သူများကို နေရာရွှေ့ပြောင်းပေးခဲ့သော်လည်း၊ အဆောက်အဦသည် တော်ရုံနှင့် မပြိုလောက်အောင် ခိုင်မာနေခဲ့သည်။
ကနဦးမီးလောင်ချိန်တွင် တစ်ယောက်အိပ် နှစ်ယောက်အိပ် ၁၂၀ ခန်းပါသည့် အထပ်များတွင် လူပေါင်း ၆၀၀ ကျော် ပိတ်မိနေနိုင်ခဲ့သည်။ မီးသတ်သမားက ၆၅ ဦး ကယ်တင်ခဲ့သည်။ ၇၅ ဦးသည် လန်ဒန်တဝိုက် ဆေးရုံ ၅ ရုံတွင် တင်ထားပြီး၊ ၁၇ ဦးမှာ စိုးရိမ်ရသည်။ ရှာဖွေမှုများကို ၁၆ ဇွန် ၂၀၁၇ တွင် အဆောက်အဦ အန္တရာယ် မကင်းမှုကြောင့် ခေတ္တ ရပ်ထားပြီး၊ နောက်တစ်ရက်တွင် ကယ်ဆယ်သူများကို ပြန်လည် ဝင်ရောက်ခွင့် ပြုလိုက်ပြီး၊ ထိပ်ဆုံးအလွှာထိ ရောက်ရှိ ရှာဖွေသည်။[3] မီးလောင်မှု အကြောင်းရင်းကို မသိခဲ့ကြချေ။ မီးကူးလောင်မှု လျင်မြန်ရသည့်အကြောင်းရင်းမှာ မကြာသေးမီက နံရံပြည့် ကပ်လိုက်သော အပြင်ပိုင်း အလှဆင် ကြွေပြားအကာများကြောင့်ဟု ယုံကြည်ကြသည်။
လန်ဒန် မြို့တော်ဝန် ဆဒစ်ခန်းက မီးသတ်ဌာနက လာရောက်မကယ်မီ၊ လူများကို သူတို့တိုက်ခန်းထဲ နေမြဲအတိုင်း နေရန် ပြောခဲ့သော မီးဘေးလမ်းညွှန်ချက်များကို ဝေဖန်လိုက်သည်။ ဤအကြံဉာဏ်ကို လိုက်နာသူများ သေဆုံးသွားကြောင်း သိရသည်။ ဤအကြံမှာ အဆောက်အဦတွင်း ဖြစ်သည့် မီးလောင်မှုကို ညွှန်းရာ၌ တည်မှီပြီး၊ မီးသည် အဆောက်အဦ အပြင်ပိုင်းမှ တစ်ဆင့် လျင်မြန်စွာ ကူးစက်သွားသည့်အခါ မဖြစ်နိုင်ဖွယ်ရာ အကြံ ဖြစ်လာသည်။ ၂၀၁၃ ကတည်းက၊ အိမ်ရာအဖွဲ့အစည်း ဖြစ်သော ဂရင်းဖဲအက်ရှင်းဂရုသည် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ စိတ်ပူကြောင်း ထပ်ခါတလဲလဲ ဖော်ပြခဲ့ပြီး၊ နိုဝင်ဘာ ၂၀၁၆ တွင် တိုက်စီမံခန့်ခွဲရေးကို မီးကြီး အကြီးအကျယ် လောင်ပြီးမှ မီးဘေးသတိပေးချက်နှင့် မီးဘေးကာကွယ်ရေးဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေးကို ကောင်းကောင်းလုပ်မှာလားဟု သတိပေးခဲ့သည်။ ၁၆ ဇွန် ၂၀၁၇ တွင် ဖြစ်စဉ်အပေါ် ကိုင်တွယ်ပုံကို အဝေဖန်ခံနေရသော ဝန်ကြီးချုပ် သီရဆာ မေးက မီးဘေးဒုက္ခသည်များအတွက် ရန်ပုံငွေ ၅ သန်းကို ကြေညာလိုက်ပြီး၊ အိမ်ရာမဲ့သွားသူများသည် စတာလင်ပေါင် ၅၅၀၀၊ အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံး ငွေသား ပေါင် ၅၀၀ ပေးအပ်ရန်နှင့် ငွေစာရင်းအကောင့် တစ်ခုလျှင် ပေါင် ၅၀၀၀ ပေးရန်တို့ ဖြစ်သည်။